၂၀၂၅ ခုနှစ် မြန်မာနေရှင်နယ်လိဂ်ကော်မတီအစည်းအဝေးသို့မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဌ နှင့် ရန်ကုန်ယူနိုက်တက်အသင်းဥက္ကဌ ဦးပြည့်ဖြိုးတေဇတက်ရောက်
၂၀၂၅ခုနှစ် မြန်မာနေရှင်နယ်လိဂ်ကော်မတီအစည်းအဝေးကို ယနေ့ မတ်လ ၇ရက်နေ့ မနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Novotel Hotel Maxတွင်ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဌ နှင့် ရန်ကုန်ယူနိုက်တက်အသင်းဥက္ကဌ ဦးပြည့်ဖြိုးတေဇ၊ ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းဥက္ကဌဒေါ်ကလျာဇော်၊ရန်ကုန်ယူနိုက်တက်အသင်း ဒုတိယဥက္ကဌ ဦးစိုင်းခင်မောင်အေး နှင့် ရန်ကုန်ယူနိုက်တက်အသင်းအမှုဆောင်အရာရှိချုပ် ဦးလွင်မိုးတို့အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားစတင်ရာတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနယ်ရှင်နယ်လိဂ်ကော်မတီဥက္ကဌ ဦးဇော်မင်းသိန်းမှ ၂၀၂၄-၂၅ ဘောလုံးရာသီ ငွေစာရင်းရှင်းတမ်းအားတင်ပြခဲ့သည်။ ဆက်လက်ပြီး မြန်မာနယ်ရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ်ဦးစိုးမိုးကျော်မှ ပြိုင်ပွဲကျင်းပမည့်အစီအစဉ်များအား ဆက်လက်ဆွေးနွေးတင်ပြခဲ့သည်။ထို့နောက်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်မှ နှုတ်ဆက်စကားပြောကြားပြီး အခမ်းအနားအောင်မြင်စွာပြီးဆုံးခဲ့သည်။
#YUFC #Yangon #ThisIsYangon #HomeOfYUFC #DreamBigPlayHard #myanmarnationalleaguecommitteemeeting