၂၀၂၄-၂၅ ခုနှစ်မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးပြိုင်ပွဲဆုချီးမြှင့်ပွဲသို့ ဒုတိယဆုရရှိခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်း တက်ရောက်
မြန်မာနေရှင်နယ်လိဂ် ၂၀၂၄-၂၅ ဘောလုံးရာသီသည် ယနေ့တွင် အောင်မြင်စွာပြီးဆုံးခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ်ဇယား ဒုတိယနေရာတွင် ရမှတ်(၅၁)မှတ်ဖြင့် ရာသီပိတ်သိမ်းနိုင်ခဲ့ခြင်းကြောင့် ဆုတံဆိပ်နဲ့ဆုကြေးငွေအား တက်ရောက်ရယူခဲ့သည်။
အဆိုပါဆုချီးမြှင့်ပွဲကို ရန်ကုန်ယူနိုက်တက် အသင်းအမှုဆောင်အရာရှိချုပ် ဦးစိုင်းခင်မောင်အေး၊ အသင်းတာဝန်ရှိသူများနှင့် အသင်းကစားသမားများတက်ရောက်ခဲ့ကြသည်။
ဒုတိယဆုရရှိခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းအား ဆုတံဆိပ်များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့စီးပွါးရေးရာဝန်ကြီးဦးခွန်သိန်းမောင်ကချီးမြှင့်ခဲ့ပြီး ဆုကြေးငွေ သိန်း (၅၀၀) ကျပ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းမှချီးမြှင့်ခဲ့ကာ ရန်ကုန်ယူနိုက်တက်အသင်း၏အမှုဆောင်အရာရှိချုပ်ဦးစိုင်းခင်မောင်အေးနှင့်အသင်းနည်းပြချုပ်နှင့် အသင်းခေါင်းဆောင်တို့မှ လက်ခံရယူခဲ့သည်။
#YUFC #Yangon #ThisIsYangon #HomeOfYUFC #DreamBigPlayHard #MNL2024/25