ဧရာဝတီအမျိုးသမီးအသင်းကိုအနိုင်ယူပြီး Myanmar Women League 2024 ပထမအကျော့ချန်ပီယံဖြစ်ခဲ့သည့် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်း

ဧရာဝတီအမျိုးသမီးအသင်းကိုအနိုင်ယူပြီး Myanmar Women League 2024 ပထမအကျော့ချန်ပီယံဖြစ်ခဲ့သည့် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်း

ယနေ့ Myanmar Women League ရဲ့ပထမအကျော့နောက်ဆုံးပွဲစဉ်အဖြစ် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းနှင့် ဧရာဝတီအမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး ရန်ကုန်အသင်းက (၂-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ပထမအကျော့ချန်ပီယံအဖြစ်မှတ်တိုင်ထူနိုင်ခဲ့သည်။

ပထမပိုင်းတပိုင်းလုံး ရန်ကုန်ယူနိုက်တက်မှ ဖိအားပေးတိုက်စစ်ဆင်ကစားနိုင်ခဲ့ပြီး ပွဲချိန်(၁၈)မိနစ်တွင် ပွဲစဉ်တိုင်းလိုလိုခြေစွမ်းပြသနေတဲ့ တိုက်စစ်ကစားသမား ယွန်းဝတီလှိုင်မှ ရန်ကုန်ယူနိုက်တက်အတွက် ဦးဆောင်ဂိုးကိုသွင်းယူပေးခဲ့သည်။

ဒုတိယပိုင်းတွင် နှစ်ဖက်စလုံး တိုက်စစ်ဆင်ကစားခဲ့ပြီး ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ရာ ပွဲချိန် (၇၈) မိနစ်တွင်
ရန်ကုန်ယူနိုက်တက်အသင်းက ဒုတိယဦးဆောင်ဂိုးထပ်မံရရှိခဲ့ပြီး ကွင်းလယ်ကစားသမား အေးအေးထွေးက ဂိုးဧရိယာထိပ်ကနေ လှလှပပသွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ထိုနိုင်ပွဲကြောင့် ရန်ကုန်ယူနိုက်တက်အသင်းကသည် 2024 Myanmar Women League ရဲ့ ပထမအကျော့ချန်ပီယံဖြစ်ခဲ့သည်။

ဒုတိယအကျော့ ပွဲစဉ်ကို ဇူလိုင်လ ၁၈ ရက်နေ့တွင် ပြန်လည်စတင်ယှဉ်ပြိုင်မည်ဖြစ်ပြီး YREO အသင်းနှင့် YUSC တွင် ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။