ဟံသာဝတီယူနိုက်တက်အသင်းနောက်တန်းကစားသမား အောင်ဇေယျ ကို ရန်ကုန်ယူနိုက်တက်အသင်း ထပ်မံခေါ်ယူ

ဟံသာဝတီယူနိုက်တက်အသင်းနောက်တန်းကစားသမား အောင်ဇေယျ ကို ရန်ကုန်ယူနိုက်တက်အသင်း ထပ်မံခေါ်ယူ

ရန်ကုန်ယူနိုက်တက်အသင်း၏ ၂၀၂၄-၂၅ မြန်မာနေရှင်နယ်လိဂ်ဘောလုံးရာသီအတွက် ဒုတိယမြောက် ခေါ်ယူမှုအဖြစ်ဟံသာဝတီအသင်းမှနောက်တန်းကစားသမား အောင်ဇေယျကိုခေါ်ယူခဲ့သည်။

အောင်ဇေယျသည် ဧရာဝတီယူနိုက်တက်အသင်းတွင် ၂၀၁၅ ခုနှစ်စတင်ကစားခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ဟံသာဝတီယူနိုက်တက်အသင်းသို့ပြောင်းရွေ့ကစားခဲ့သည့်မြန်မာနေရှင်နယ်လိဂ်အတွေ့ကြုံရှိကစားသမား ဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းကိုပြောင်းရွှေ့လာခဲ့ခြင်းအပေါ် အောင်ဇေယျက “မြန်မာနေရှင်နယ်လိဂ် စကတည်းကအောင်မြင်မှုအများအပြားရရှိထားခဲ့တဲ့ အသင်းကိုပြောင်းရွှေ့လာရတဲ့အတွက် ဝမ်းသာပါတယ်။ အတွေ့ကြုံအသစ်တွေ စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်ချင်လို့ ရောက်ရှိလာခဲ့တာပါ” လို့ဆိုခဲ့သည်။