ဟံသာဝတီယူနိုက်တက်(ယူ-၂၀)အသင်းကို အနိုင်ယူပြီး နိုင်ပွဲဆက်ခဲ့သည့် ရန်ကုန်ယူနိုက်တက် (ယူ-၂၀) အသင်း

ဟံသာဝတီယူနိုက်တက်(ယူ-၂၀)အသင်းကို အနိုင်ယူပြီး နိုင်ပွဲဆက်ခဲ့သည့် ရန်ကုန်ယူနိုက်တက် (ယူ-၂၀) အသင်း

ရန်ကုန်ယူနိုက်တက် (ယူ-၂၀) အသင်းနှင့် ဟံသာဝတီ (ယူ-၂၀) အသင်းတို့သည် ယနေ့ညနေက M3 ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက် (ယူ-၂၀) အသင်းက (၁-၀) ဂိုးရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် (၂၈) မိနစ်တွင် ခွန်းချိုထူး ၏ ထောင့်ကန်ဘောမှတဆင့် နောက်ခံကစားသမား ဇွဲထက်အောင်မှ ခေါင်းတိုက်သွင်းယူပေးခဲ့ပြီး ပထမပိုင်းကို ၁-၀ ဂိုးနှင့် ဦးဆောင်နေခဲ့သည်။

ဒုတိယပိုင်းတွင် တစ်ဖက်အသင်းမှ ချေပဂိုးရရှိရေးကြိုးစားခဲ့မှုများကို ရန်ကုန်နောက်တန်း ဟန့်တားနိုင်ခဲ့ပြီး ရန်ကုန်အသင်းဘက်မှ ထပ်မံသွင်းယူနိုင်ခဲ့ခြင်းမရှိတော့သဖြင့် ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက် (ယူ-၂၀) အသင်းက ၁-၀ ဂိုးနှင့် ဟံသာဝတီယူနိုက်တက် (ယူ-၂၀) ကို အနိုင်ရရှိခဲ့သည်။

ရန်ကုန်ယူနိုက်တက် (ယူ-၂၀) အသင်းသည် MNL youth league ပထမအကျော့ နောက်ဆုံးပွဲစဉ်အဖြစ် လာမည့် ဩဂုတ်လ ၂၉ ရက်နေ့တွင် ဒဂုံပေါ့ (ယူ-၂၀) အသင်းနှင့် M3 ကွင်းတွင်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။