သုဝဏ္ဏကွင်းတွင် ရခိုင်ယူနိုက်တက်အသင်းကို ဂိုးပြတ်အနိုင်ယူခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်း။
ယနေ့ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် (၁၆) အဖြစ် ရခိုင်ယူနိုက်တက်အသင်းနှင့်ရန်ကုန်ယူနိုက်တက်အသင်းတို ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းက (၅-၀) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် ယနေ့ပွဲစဉ်တွင် ရာနှုန်းပြည့်နိုင်ပွဲရရှိရန် ပြင်ဆင်လာခဲ့ပြီး ပထမပိုင်းစတင်ချိန်တွင်ကတည်းက ရခိုင်ယူနိုက်တက်အသင်းဘက်အား လျှင်လျှင်မြန်မြန်ထိုးဖောက်တိုက်စစ်ဆင်ကစားခဲ့ရာ ပွဲချိန် (၂၇) မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ပင်နယ်တီကန်ခွင့်ရရှိခဲ့ရာ ထိုပင်နယ်တီကို တိုက်စစ်မှူးရန်ကျော်ထွေးမှ သွင်းယူပေးခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းဦးဆောင်ဂိုးစတင်ရရှိခဲ့သည်။ ထိုနောက် အဖွင့်ဂိုးရရှိခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းသည် ဂိုးများထပ်မံရရှိရန်ကြိုးပမ်းခဲ့ရာ ပွဲချိန် (၃၉) မိနစ်တွင် တောင်ပံကစားသမား ဥက္ကာနိုင်ရဲ့ ဖန်တီးပေးပိုမှူကနေ တိုက်စစ်မှူးရန်ကျော်ထွေးကပဲ ရန်ကုန်ယူနိုက်တက်အသင်းအတွက် ဒုတိယဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီး ပထမပိုင်းကို (၂-၀) ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့သည်။
ဒုတိယပိုင်းတွင် ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် နောက်ထပ်ဦးဆောင်ဂိုးများရရှိရေးအတွက် ပထမပိုင်းကထက်ပိုမို တိုက်စစ်ကိုမြှင့်တင်ခဲ့ရာ ပွဲချိန် (၆၇) မိနစ်တွင် ရန်ကျော်ထွေးမှ ယနေ့ပွဲစဉ်မှာ သူ၏ဟက်ထရစ်ဖြစ်စေမည့် ဂိုးကိုသွင်းယူခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းအတွက် တတိယဦးဆောင်ဂိုးရရှိခဲ့သည်။ ထိုနောက် ရန်ကုန်ယူနိုက်တက်အသင်းမှ ကစားအားမချဘဲ လူစားအပြောင်းလဲများစွာပြုလုပ်ခဲ့သည်။ ထိုနောက် ပွဲချိန် (၇၃) မိနစ်တွင် လူစားဝင်ကစားသမား အီစိုးရဲ့ တစ်ကိုယ်တော် ထိုးဖောက်ကန်ချက်ကို တစ်ဖက်အသင်းဂိုးသမား ပုတ်ထုတ်ကာကွယ်ခဲ့ရာမှ ပြန်ကျလာသည့် ဘောလုံးကို တစ်ပွဲလုံးခြေစွမ်းပြသနေသည့် ဥက္ကာနိုင်မှပိတ်သွင်းယူပေးခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းအတွက် နောက်ဆုံးပွဲသိမ်းအနိုင်ဂိုးကို ပွဲချိန်(၇၉) မိနစ်တွင် အီစိုးရဲ့အကွက်မြင်မြင်ဖန်တီးပေးပိုမှုအား လူစားဝင်ကစားသမား အောင်မျိုးခန့်မှ ဧရိယာထိပ်ကနေ အပြင်းကန်သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အသင်းနည်းပြ ဦးကျော်ဒွန်းက ပွဲပြီးအင်တာဗျူးတွင် “ကစားသမားတွေရဲ့ကြိုးစားအားထုတ်မှု နဲ့ ပရိသတ်တွေရဲ့အားပေးမှုတွေကနေ ဒီနေ့ဂိုးပြတ်နိုင်ပွဲကိုဖြစ်စေခဲ့တာပါ။အဲ့တာကြောင့် ကစားသမားတွေနဲ့ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်” ဟုပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ၁၇ ပွဲကစားပြီးချိန်တွင် ၁၁ပွဲနိုင်၊ ၅ပွဲသရေ၊ ၁ပွဲရှုး နှင့် ၃၈မှတ်ရရှိထားပြီး လာမည့် ဇန်နဝါရီလ ၃၁ရက်တွင် မြဝတီအသင်းနှင့် သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
#YUFC #Yangon #ThisIsYangon #HomeOfYUFC #DreamBigPlayHard #MNL2024/25 #RUFCvsYUFC