သစ္စာအားမာန်အမျိုးသမီးအသင်းကို ၃-၀ ဂိုးနှင့် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းအနိုင်ရရှိ

သစ္စာအားမာန်အမျိုးသမီးအသင်းကို ၃-၀ ဂိုးနှင့် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းအနိုင်ရရှိ

သစ္စာအားမာန်အမျိုးသမီးအသင်းနှင့် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းတို့၏ ပွဲစဉ်ကို ယနေ့ညနေ ၃:၀၀ နာရီက စလင်းကွင်းတွင်ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်အမျိုးသမီးအသင်းက သစ္စာအားမာန်အသင်းကို ၃-၀ ဂိုးနှင့် အနိုင်ရရှိခဲ့သည်။

ကစားကွက်အသာနှင့် တစ်ဖက်အသင်းကို ယှဉ်ပြိုင်ကစားခဲ့ပြီး ရန်ကုန်အမျိုးသမီးအသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၂၄ မိနစ်တွင် ရရှိခဲ့ပြီး ဒေစီအောင် ကွင်းလယ်မှကန်တင်သည့်ဘောလုံးကို ယွန်းဝတီလှိုင်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ပွဲချိန် ၃၇ မိနစ်တွင် ရန်ကုန်အသင်းဒုတိယဦးဆောင်ဂိုး ထပ်မံရရှိခဲ့ပြီး ယွန်းဝတီလှိုင်၏ အနီးကပ်ပေးပို့မှုမှတဆင့် ဇင်မိုးပြည့် ကသွင်းယူပေးခဲ့သည်။ ရန်ကုန်အသင်းအတွက် တတိယဦးဆောင်ဂိုးကို ပွဲချိန် ၆၁ မိနစ်တွင် ဇင်မိုးပြည့် ညာခြမ်းမှ ချိုးပေးသည့်ဘောလုံးကို ပန်းအိနွယ်ကသွင်းယူပေးခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းက သစ္စာအားမာန်အမျိုးသမီးအသင်းကို ၃-၀ ဂိုးနှင့်အနိုင်ရရှိခဲ့သည်။

ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းသည် ပွဲစဉ် ၁၄ ပွဲကစား၊ ၁၀ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံး၊ ရမှတ် ၃၂ မှတ်ရရှိထားပြီး လာမည့် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ဧရာဝတီအမျိုးသမီးအသင်းနှင့် YUSC ကွင်းတွင်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။