ဝါရင့်တိုက်စစ်ကစားသမား ကောင်းစည်သူ ကိုရန်ကုန်ယူနိုက်တက်အသင်းခေါ်ယူအားဖြည့်

ဝါရင့်တိုက်စစ်ကစားသမား ကောင်းစည်သူ ကိုရန်ကုန်ယူနိုက်တက်အသင်းခေါ်ယူအားဖြည့်

ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်ရာသီကြိုပြင်ဆင်မှုအနေဖြင့် အသင်း၏ကစားသမားဟောင်းဖြစ်သူ ရခိုင်ယူနိုက်တက်အသင်း တိုက်စစ်မှုးကောင်းစည်သူအား (၁) ရာသီစာချုပ်ဖြင့် ခေါ်ယူခဲ့သည်။

ကောင်းစည်သူသည် ရန်ကုန်ယူနိုက်တက်, ရတနာပုံ , ဇေယျာရွှေမြေ , ဇွဲကပင် , ဆောက်သမ်းမြန်မာ , ရခိုင်ယူနိုက်တက် အစရှိသည့် အသင်းများတွင် ကစားခဲ့သည့် အတွေ့ကြုံရင့် ကစားသမားဖြစ်ကာ ပြည်တွင်းဖလားများစွာတွင် အောင်မြင်မှုများစွာရရှိထားပြီး ရန်ကုန်ယူနိုက်တက်အသင်းနှင့် ချန်ပီယံဆုဖလားများရရှိခဲ့သူလည်းဖြစ်သည်။

ယခု ၂၀၂၄-၂၅ ဘောလုံးရာသီအတွက်အသင်းဟောင်းသို့ ပြန်လည်ရောက်ရှိလာမှုအပေါ် “ရန်ကုန်က ကျွန်တော့်ကိုမွေးထုတ်ပေးလိုက်တဲ့အသင်းပါ။ အချိန်တန်တော့ အိမ်ပြန်လာခဲ့တယ်ဆိုတဲ့သဘောပါပဲ။ ကိုယ့်ကိုမွေးထုတ်ပေးလိုက်တဲ့ အသင်းဆီပြန်လာရတဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်” ဟု ကောင်းစည်သူမှ ပြောကြားခဲ့သည်။

ကောင်းစည်သူသည် ရန်ကုန်ယူနိုက်တက်အသင်း တွင် နံပါတ် (၁၀) ကိုဝတ်ဆင်ကစားသွားမည်ဖြစ်သည်။