ရှမ်းယူနိုက်တက်အသင်းကို ဂိုးပြတ်အနိုင်ယူပြီး အမှတ်ပေးဇယား ရန်ကုန်ယူနိုက်တက်အသင်း အမှတ်ပေးဇယားထိပ်သို့တက်ရောက်

ရှမ်းယူနိုက်တက်အသင်းကို ဂိုးပြတ်အနိုင်ယူပြီး အမှတ်ပေးဇယား ရန်ကုန်ယူနိုက်တက်အသင်း အမှတ်ပေးဇယားထိပ်သို့တက်ရောက်

ယနေ့ Myanmar Women League ရဲ့ပွဲစဉ် (၅) အဖြစ် ယှဉ်ပြိုင်ခဲ့သည့် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းနှင့် ရှမ်းယူနိုက်တက်အမျိုးသမီးအသင်းတို့၏ ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်းက (၄-၀) ဂိုးဖြင့်ရှမ်းယူနိုက်တက်အသင်းကို ဂိုးပြတ်အနိုင်ရခဲ့သည်။
ယနေ့ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားဟန်က အလုပ်ဖြစ်ခဲ့ပြီး ပွဲစပြီး ၁၀ မိနစ်အကြာတွင် ဦးဆောင်ဂိုး(၂) ဂိုးဆက်တိုက်ရရှိခဲ့သည်။ ထိုဦးဆောင်ဂိုးများကို ပွဲစဉ်တလျှောက်ခြေစွမ်းပြသနေတဲ့ ယွန်းဝတီလှိုင်နှင့် ဇင်မိုးပြည့်တို့မှသွင်းယူပေးခဲ့ခြင်းဖြစ်ပြီး ပထမပိုင်းအား (၂-၀) ဂိုးဖြင့် ရှမ်းယူနိုက်တက်အသင်းကို ဦးဆောင်ခဲ့သည်။
ဒုတိယပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းက ချေပဂိုးများရရှိရေးကြိုးစားခဲ့ပြီး အဆုံးသတ်လွဲချော်မှုများကြောင့် ချေပဂိုးရခွင့်များနှင့် လွဲချော်ခဲ့သည်။ ထို့နောက် နှစ်သင်းစလုံးအပြန်လှန်ထိုးဖောက်ကစားခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းအတွက် တတိယဦးဆောင်ဂိုးကို ဝင်းသိင်္ဂီထွန်းက (၆၃) မိနစ် တွင် ပင်နယ်တီမှတဆင့် သွင်းယူပေးခဲ့ပြီး ၃ မိနစ်အကြာတွင် ဆွေမာအောင် က သွင်းယူပေးခဲ့သည်။
ထိုနိုင်ပွဲကြောင့် ရန်ကုန်ယူနိုက်တက်အသင်းသည် အမှတ်ပေးဇယား ထိပ်သို့ တက်ရောက်ခဲ့ပြီး လာမည့် ဇွန်လ ၁၀ ရက်နေ့တွင် ဧရာဝတီယူနိုက်တက်အမျိုးသမီးအသင်းနှင့် တွေ့ဆုံမည်ဖြစ်သည်။