ရှမ်းယူနိုက်တက်အမျိုးသမီးအသင်းကို ၂-၀ ဂိုးနှင့် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းအနိုင်ရရှိ

ရှမ်းယူနိုက်တက်အမျိုးသမီးအသင်းကို ၂-၀ ဂိုးနှင့် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းအနိုင်ရရှိ

ယနေ့ညနေ ၃း၀၀ နာရီက ပဒုမ္မာကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ရှမ်းယူနိုက်တက်အမျိုးသမီး အသင်းနှင့် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းတို့၏ ပွဲစဉ်တွင် ရန်ကုန်အမျိုးသမီးအသင်းက ၂-၀ ဂိုးနှင့် ရှမ်းအမျိုးသမီးအသင်းကို အနိုင်ရရှိခဲ့သည်။

ရန်ကုန်အသင်းအတွက် အနိုင်ဂိုးများကို ပွဲစပြီး ၃ မိနစ်တွင် ယွန်းဝတီလှိုင်က နန်းချိုမွှေး၏ ပေးပို့မှုမှတဆင့် သွင်းယူပေးခဲ့သည်။ ထို့နောက် ၂ မိနစ် အကြာတွင် ယွန်းဝတီလှိုင်၏ လမ်းကြောင်းချပေးမှုကို ဇင်မိုးပြည့်က ကန်သွင်းယူပေးခဲ့ပြီး ပထမပိုင်းကို ၂-၀ ဂိုးနှင့် ဦးဆောင်ခဲ့သည်။

ဒုတိယပိုင်းတွင် ရန်ကုန်အသင်းအနိုင်ကိုဆက်လက်ထိန်းကစားခဲ့ပြီး တစ်ဖက်အသင်းမှ ကန်သွင်းချက်များကို ဖီးဘေ က ကာကွယ်နိုင်ခဲ့သည်။ နှစ်သင်းစလုံး ဂိုးရရှိရေးအတွက် ကြိုးစားခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခြင်းမရှိသဖြင့် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းက ရှမ်းယူနိုက်တက်အမျိုးသမီးအသင်းကို ၂-၀ ဂိုးနှင့်အနိုင်ရရှိခဲ့ပြီး ရမှတ်ပြည့်ရယူနိုင်ခဲ့သည်။

ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းသည် ၁၄ ပွဲကစား၊ ၈ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံး၊ ရမှတ် ၂၉ မှတ်ရရှိထားပြီး လာမည့် စက်တင်ဘာလ ၁၈ ရက်နေ့၊ သစ္စာအားမာန်အသင်းနှင့် စလင်းကွင်းတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။