ရန်ကုန်ယူနိုက်တက် (ယူ-၂၀) အသင်းနှင့် မဟာယူနိုက်တက် (ယူ-၂၀) အသင်းတို့ ၁-၁ ဂိုးနှင့် သရေရလဒ်ထွက်ပေါ်

ရန်ကုန်ယူနိုက်တက် (ယူ-၂၀) အသင်းနှင့် မဟာယူနိုက်တက် (ယူ-၂၀) အသင်းတို့ ၁-၁ ဂိုးနှင့် သရေရလဒ်ထွက်ပေါ်

ယနေ့ညနေ ၃ နာရီက ဗဟန်းအားကစားကွင်းတွင် ရန်ကုန်ယူနိုက်တက် (ယူ-၂၀) အသင်းနှင့် မဟာယူနိုက်တက် (ယူ-၂၀) အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီနှင့် သရေရလဒ်ထွက်ပေါ်ခဲ့သည်။

ပွဲချိန် ၃၁ မိနစ်တွင် နောက်တန်းဖျက်ထုတ်ရာမှ လျှံထွက်လာသည့်ဘောလုံးကို အောင်ကောင်းချစ်က သွင်းယူပေးခဲ့ပြီး ရန်ကုန်အသင်းဦးဆောင်ဂိုးရရှိခဲ့ကာ ပထမပိုင်းကို ၁-၀ ဂိုးနှင့် ဦးဆောင်ခဲ့သည်။

ဒုတိယပိုင်းတွင် ကစားမားအပြောင်းအလဲများပြုလုပ်ခဲ့ပြီး တစ်ဖက်အသင်းကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့သည်။ ၅၇ မိနစ်တွင် မဟာယူနိုက်တက်အသင်းမှ ချေပဂိုးရရှိခဲ့ပြီး အောင်ခန့်ဖြိုး ကသွင်းယူပေးခဲ့သည်။ ရန်ကုန်အသင်း ဂိုးရရှိရန်အခွင့်အရေးများနှင့် နီးစပ်ခဲ့သော်လည်း အဆုံးသတ်အားနည်းမှုများကြောင့် တစ်ဖက် တစ်ဂိုးစီနှင့် သရေရလဒ်ထွက်ပေါ်ခဲ့သည်။

ရန်ကုန်ယူနိုက်တက် (ယူ-၂၀)အသင်းသည် ပွဲစဉ်
၁၃ ပွဲကစား၊ ၆ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၄ ပွဲရှုံးနှင့် ရမှတ် ၂၁ မှတ် ရရှိထားပြီး စက်တင်ဘာ ၃၀ ရက်နေ့၊ စလင်းကွင်းတွင် ဒဂုံစတားယူနိုက်တက် (ယူ-၂၀) အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။