ရန်ကုန်ယူနိုက်တက် (ယူ-၂၀) အသင်းက ၂-၁ ဂိုးနှင့် ဒဂုံပေါ့ (ယူ-၂၀) အသင်းကိုအနိုင်ရရှိ

ရန်ကုန်ယူနိုက်တက် (ယူ-၂၀) အသင်းက ၂-၁ ဂိုးနှင့် ဒဂုံပေါ့ (ယူ-၂၀) အသင်းကိုအနိုင်ရရှိ

ယနေ့ညနေကယှဉ်ပြိုင်ကစားခဲ့သည့် ဒဂုံပေါ့ (ယူ-၂၀) အသင်းနှင့် ရန်ကုန်ယူနိုက်တက် (ယူ-၂၀) အသင်းတို့၏ ပွဲစဉ်ကို ဗဟန်း M3 ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်လူငယ်အသင်းက ဒဂုံပေါ့ အသင်းကို ၂-၁ ဂိုးနှင့် အနိုင်ရရှိခဲ့သည်။

ပထမပိုင်းတွင် ရန်ကုန်လူငယ်အသင်းက တစ်ဖက်အသင်းကို ဖိအားပေးကစားနိုင်ခဲ့ပြီး ဂိုးကန်သွင်းခွင့်များရရှိခဲ့သည်။ သို့ရာတွင် အဆုံးသတ်အားနည်းမှုကြောင့် အစောပိုင်းမိနစ်များတွင် ဂိုးရရှိခြင်းမရှိဘဲ ပွဲပြီးရန် ၃ မိနစ်အလိုတွင် မင်းသန့်ဘို က သွင်းယူပေးခဲ့ပြီး ပထမပိုင်းကို ၁-၀ ဂိုးနှင့်ဦးဆောင်နေခဲ့သည်။

ဒုတိယပိုင်း ၇၁ မိနစ်တွင် တစ်ဖက်ကန်သွင်းရန်ကြိုးစားမှုကို ဟန့်တားရာမှ မှိုင်းဝေ လက်ထိခဲ့သဖြင့် ဒဂုံပေါ့အသင်း ပင်နယ်တီရရှိခဲ့ပြီး ဝိုင်းချစ် က သွင်းယူပေးခဲ့ပြီး ချေပဂိုးရရှိခဲ့သည်။ ချေပဂိုးပေးရပြီး ၃ မိနစ်အကြာတွင် ရန်ကုန်အသင်း ဦးဆောင်ဂိုးပြန်လည်ရရှိခဲ့ပြီး မင်းသန့်ဘို က သွင်းယူပေးခဲ့ရာ ၂-၁ ဂိုးနှင့် ဒဂုံပေါ့ (ယူ-၂၀) အသင်းကိုအနိုင်ရရှိခဲ့သည်။

ရန်ကုန်ယူနိုက်တက် (ယူ-၂၀) အသင်းသည် ၁၂ ပွဲကစား၊ ၆ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၄ ပွဲရှုံး၊ ရမှတ် ၂၀ မှတ်နှင့် အဆင့် ၅ နေရာတွင်ရပ်တည်နေပြီး ဒုတိယအကျော့ပွဲစဉ်များကို စက်တင်ဘာ ၁၇ ရက်နေ့တွင်ပြန်လည်ယှဉ်ပြိုင်မည်ဖြစ်ပြီး မဟာယူနိုက်တက် (ယူ-၂၀) အသင်းနှင့် တွေ့ဆုံမည်ဖြစ်သည်။