ရန်ကုန်ယူနိုက်တက် (ယူ-၂၀) အသင်းနှင့် ရှမ်းယူနိုက်တက် (ယူ-၂၀) အသင်းတို့ ယနေ့ညနေက ပဒုမ္မာကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ရှမ်းလူငယ်အသင်းက ၄-၁ နှင့် ရန်ကုန်လူငယ်အသင်းကို အနိုင်ရရှိခဲ့သည်။

ရန်ကုန်ယူနိုက်တက် (ယူ-၂၀) အသင်းနှင့် ရှမ်းယူနိုက်တက် (ယူ-၂၀) အသင်းတို့ ယနေ့ညနေက ပဒုမ္မာကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ရှမ်းလူငယ်အသင်းက ၄-၁ နှင့် ရန်ကုန်လူငယ်အသင်းကို အနိုင်ရရှိခဲ့သည်။ ရန်ကုန်အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို ထက်ဝေယံစိုး က ပွဲချိန် ၈၈ မိနစ်တွင်သွင်းယူပေးခဲ့ပြီး ရှမ်းအသင်းအတွက် အနိုင်ဂိုးများကို ဟိန်းသန့် ၃ ဂိုး နှင့် မျိုးမင်းခန့် မှ ၁ ဂိုး အသီးသီးသွင်းယူပေးခဲ့ကြသည်။

ရန်ကုန်ယူနိုက်တက် (ယူ-၂၀) အသင်းသည် ပွဲစဉ် ၇ ပွဲယှဉ်ပြိုင်ကစားပြီးချိန်တွင် ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၄ ပွဲရှုံး၊ ရမှတ် ၇ မှတ်ရရှိထားပြီး လာမည့် ဇူလိုင်လ ၂၆ ရက်နေ့တွင် ရတနာပုံအသင်းနှင့် တောင်ဒဂုံကွင်းတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။