ရန်ကုန်ယူနိုက်တက် (ယူ-၂၀) အသင်းနှင့် အား/ကာသိပ္ပံ (ယူ-၂၀) အသင်းတို့၏ ပွဲစဉ်တွင် အား/ကာ အသင်းက နေဒန် ၏ တစ်လုံးတည်းသောသွင်းဂိုးနှင့် ရန်ကုန်လူငယ်အသင်းကို အနိုင်ရရှိခဲ့သည်။

ရန်ကုန်ယူနိုက်တက် (ယူ-၂၀) အသင်းနှင့် အား/ကာသိပ္ပံ (ယူ-၂၀) အသင်းတို့၏ ပွဲစဉ်တွင် အား/ကာ အသင်းက နေဒန် ၏ တစ်လုံးတည်းသောသွင်းဂိုးနှင့် ရန်ကုန်လူငယ်အသင်းကို အနိုင်ရရှိခဲ့သည်။

နှစ်သင်းစလုံး ဂိုးရရှိရေးအတွက်အပြိုင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ရန်ကုန်အသင်းက ပြိုင်ဘက်အသင်းကို ဖိအားပေးကစားနိုင်ခဲ့ကာ ဂိုးကန်သွင်းချက်များ ရရှိခဲ့သော်လည်း အဆုံးသတ်အားနည်းမှုကြောင့်သာ ဂိုးရခွင့်နှင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။
အား/ကာသိပ္ပံအသင်းအတွက် တစ်လုံးတည်းသောသွင်းဂိုးကို နေဒန်က ပွဲချိန် ၆၃ မိနစ်တွင် သွင်းယူပေးခဲ့ပြီး လက်ကျန်ပွဲချိန်များတွင် ရန်ကုန်အသင်း ချေပဂိုးရရှိရေးအတွက် ကြိုးစားခဲ့သော်လည်း သွင်းယူနိုင်ခြင်းမရှိသဖြင့် ၁-၀ ဂိုး နှင့် အား/ကာသိပ္ပံ (ယူ-၂၀)အသင်း က ရန်ကုန်ယူနိုက်တက် (ယူ-၂၀) အသင်းကို အနိုင်ရရှိခဲ့သည်။
ရန်ကုန်ယူနိုက်တက်(ယူ-၂၀)အသင်းသည် လာမည့် ဇူလိုင်လ ၁၀ ရက်နေ့တွင် ဧရာဝတီယူနိုက်တက် (ယူ-၂၀) အသင်းနှင့် စလင်းကွင်းတွင်ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။