ရန်ကုန်ယူနိုက်တက် ယူ-၂၀ အသင်း၏ ရာသီကြိုခြေစမ်းပွဲ

ရန်ကုန်ယူနိုက်တက် ယူ-၂၀ အသင်း၏ ရာသီကြိုခြေစမ်းပွဲ

ရန်ကုန်ယူနိုက်တက် ယူ-၂၀ အသင်း၏ ရာသီကြိုခြေစမ်းပွဲအဖြစ် သစ္စာအားမာန် ယူ-၂၀ နှင့် ယနေ့ မနက်ပိုင်းက Yangon United Sports Complex တွင် ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန် ယူ-၂၀ အသင်းက (၂-၁) ဂိုးဖြင့်အနိုင်ရခဲ့သည်။
ပထမပိုင်းမှာ ခြေစမ်းပွဲများပိုကစားထားတဲ့ သစ္စာအားမာန်အသင်းက ဖိဖိစီးစီးကစားနိုင်ခဲ့သော်လည်း ရန်ကုန်အသင်းက ဦးဆောင်ဂိုးစတင်ရရှိခဲ့သည်။ ရန်ကုန်အသင်းရဲ့ဦးဆောင်ဂိုးကို (၄၁) မိနစ်မှာ ရဲထွန်းနိုင် ကသွင်းယူပေးခဲ့ပြီး ရန်ကုန်အသင်းကပထမပိုင်းကို ဦးဆောင်နိုင်ခဲ့သည်။
ဒုတိယပိုင်းတွင် နှစ်သင်းစလုံးအပြောင်းလဲများစွာနှင့်ယှဉ်ပြိုင်ကစားခဲ့ပြီး သစ္စာအားမာန်အသင်းအတွက် ချေပဂိုးကို (၇၃) မိနစ်တွင် သန့်ဇင်အောင် ကသွင်းယူခဲ့သည်။
ပွဲပြီးဆုံးခါနီးတွင် ရန်ကုန်အသင်းဦးဆောင်ဂိုးထပ်မံရရှိခဲ့ပြီး လူစားဝင်ကစားသမား နိုင်းလားက (၉၀) မိနစ်တွင်သွင်းယူပေးခဲ့ခြင်းဖြစ်သည်။