ရန်ကုန်ယူနိုက်တက်အသင်းနှင်ရတနာပုံအသင်းတို ပွဲစဉ်တွင် တစ်ဖက်(၁)ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်။
ယနေ့မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၁၉)အဖြစ် ရန်ကုန်ယူနိုက်တက်အသင်းနှင့်ရတနာပုံအသင်းတို ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့သည်။ပွဲကစားချိန်ပထမပိုင်းအတွင်း ရန်ကုန်ယူနိုက်တက်အသင်းမှထိုးဖောက်တိုက်စစ်ဆင်မှုများပြုလုပ်နိုင်ခဲ့ပြီး ရတနာပုံအသင်း၏ ခံစစ်ပိုင်းကောင်းမွန်မှုကြောင့် ပွဲစဉ်ဟာကြည့်ကောင်းခဲ့သည်။ ထိုနောက်ပထမပိုင်းပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် ရန်ကုန်ယူနိုက်တက်အသင်းဘက်မှ ဦးဆောင်ဂိုးရရှိခဲ့ကာ ခံစစ်ကစားသမား ဉာဏ်လင်းထက်မှ ရန်ကျော်ထွေးရဲ့ ဖန်တီးပေးပိုမှုကို ဧရိယာထိပ်ကနေ လှလှပပကန်သွင်းအဆုံးသတ်ပေးခဲ့သည်။ ဒုတိယပိုင်းတွင် ရန်ကုန်ယူနိုက်တက်အသင်းသည် တိုက်စစ်ဆင်မှုများဆက်လက်မှုပြုလုပ်နိုင်ခဲ့ပေမဲ့ အဆုံးသတ်အားနည်မှုများကြောင့် ဂိုးကံခေခဲ့ရသည်။ ရတနာပုံအသင်းအတွက် ချေပဂိုးကိုတော့ (၆၅) မိနစ်တွင် ကွင်းလယ်ကစားသမား အာကာမှ တန်ပြန်တိုက်စစ်ကနေတဆင့် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
ပွဲပြီးအင်တာဗျူးတွင် ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ်ဦးကျော်ဒွန်းက “ပရိတ်သတ်တွေကို ဒီနေ့ပွဲစဉ်အနိုင်မရယူနိုင်ခဲ့တဲ့အတွက် တောင်းပန်ချင်ပါတယ်။ လာမယ့်ဧရာဝတီယူနိုက်တက်နဲ့ပွဲစဉ်အတွက် အမှားတွေကိုပြင်ဆင်ပြီး အကောင်းဆုံးယှဉ်ပြိုင်ကစားသွားမှာပါ” ဟုပြောကြားခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် (၁၉) ပွဲကစားအပြီးတွင် ၁၂ပွဲနိုင် ၊ ၆ပွဲသရေ ၊ ၁ပွဲရှုး နှင့် ၄၂ မှတ်ရရှိထားပြီး လာမည့် ဖေဖော်ဝါရီလ (၁၇) ရက်နေ့တွင် ဧရာဝတီအသင်းနှင့် သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
In the match between Yangon United and Yadanarbon, the result was a draw with one one goal on each side.Today’s Myanmar National League match (19) between Yangon United team and Yadanarbon team, the result was a draw with one goal for each side. During the first half of the match, Yangon United team was able to make penetrating attacks, and the match looked good due to the good defense of Yadanarbon team.Then, near the end of the first half, the Yangon United team took the lead in additional time, and defender Nyan Lin Htet finished Yan Kyaw Htwe’s pass beautifully from the top of the area.In the second half, the Yangon United team was able to make a series of attacks, but due to the efforts at the end, they had to score a goal.The goal for the Yadanarbon team was scored in the 65 minutes by midfielder Arkar through a counter attack.
#YUFC #Yangon #ThisIsYangon #HomeOfYUFC #DreamBigPlayHard #MNL2024/25 #matchday #YUFCvsYDNB