ရန်ကုန်ယူနိုက်တက်အသင်းနှင့် Dagon Portအသင်းတို့၏ ခြေစမ်းပွဲစဉ်တွင် ၁-၁ သရေရလဒ်ထွက်ပေါ်

ရန်ကုန်ယူနိုက်တက်အသင်းနှင့် Dagon Portအသင်းတို့၏ ခြေစမ်းပွဲစဉ်တွင် ၁-၁ သရေရလဒ်ထွက်ပေါ်

ယနေ့ညနေကယှဉ်ပြိုင်ကစားခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် Dagon Port အသင်း တို့၏ ခြေစမ်းပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီနှင့် သရေရလဒ်ထွက်ပေါ်ခဲ့သည်။
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲကြိုပြင်ဆင်မှုအဖြစ်ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး ၄၅ မိနစ် နှစ်ပိုင်းယှဉ်ပြိုင် ကစားခဲ့ကာ ပထမပိုင်းတွင် လူငယ်ကစားသမားအများစုနှင့် ပွဲထွက်လာခဲ့သည်။ ရန်ကုန်အသင်းအတွက် ဦးဆောင်ဂိုးကို ဥက္ကာနိုင် က ပွဲချိန် ၃၆ မိနစ်တွင် ဇော်ဝင်းသိန်း ၏ ပေးပို့မှုတဆင့် သွင်းယူပေးခဲ့သည်။ Dagon Port အသင်းအတွက် ချေပဂိုးကို ၆၅ မိနစ်တွင် ရဲဝင်းလှိုင် က ပြန်လည်သွင်းယူခဲ့သည်။
မိနစ် ၇၀ တွင် ဥက္ကာနိုင် အစား စောအောင်မျိုးထွန်း နှင့် လမင်းထွေး အစား ကောင်းစည်သူ၊ ပွဲချိန် ၈၂ မိနစ်တွင် သူရိန်စိုး အစား အောင်ဇေယျ တို့ဝင်ရောက်ကစားခဲ့ပြီး တစ်ဖက်ဂိုးပေါက်ခြိမ်းခြောက်ကစားနိုင်ခဲ့သော်လည်း ထပ်မံသွင်းယူနိုင်ခြင်းမရှိသောကြောင့် ၁-၁ ဂိုးနှင့် သရေရလဒ်ထွက်ပေါ်ခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်း၏၂၀၂၄ မြန်မာနေရှင်နယ်လိဂ် ပထမဆုံးပွဲစဉ်ကို ဇူလိုင်လ ၆ ရက်နေ့၊ YUSC ကွင်းတွင် ရခိုင်ယူနိုက်တက်အသင်းနှင့် တွေ့ဆုံယှဉ်ပြိုင်သွားမည်ဖြစ်သည်။