ရန်ကုန်ယူနိုက်တက်အသင်းနှင့် ကချင်ယူနိုက်တက်အသင်းတို့၏ ခြေစမ်းပွဲစဉ်ကို ယနေ့ညနေ ၃း၃၀ နာရီ၊ ရန်ကုန်ယူနိုက်တက်အိမ်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်အသင်းက ၄-၁ ဂိုးနှင့် ကချင်ယူနိုက်တက်အသင်းကို အနိုင်ရရှိခဲ့သည်။

ကချင်အသင်းမှ ဘိုရိုနို က ပွဲချိန် ၃၄ မိနစ်တွင် သွင်းယူပေးခဲ့ပြီး ပထမပိုင်းကို ဦးဆောင်ခဲ့ကာ ဒုတိယပိုင်းတွင် ရန်ကုန်အသင်းမှ သာယာဝင်းထက် က ၄၈ မိနစ်တွင် ချေပဂိုးပြန်လည် သွင်းယူပေးခဲ့သည်။ ရန်ကုန်အသင်းအတွက် အနိုင်ဂိုးများကို ဂျီဒီယွန်တက်တက် က ၅၀ မိနစ်၊ သာယာဝင်းထက် က ပွဲချိန် ၅၈ မိနစ်နှင့် ဟိန်းဇေယျာမင်း က ပွဲချိန် ၈၀ မိနစ်တို့တွင်သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်ဖလား (ဗိုလ်လုပွဲ) ယှဉ်ပြိုင်ကစားရန်ရှိနေသည့် ရန်ကုန်အသင်းသည် ပွဲစဉ်များရပ်နားသည့်အချိန်တွင် ပွဲနှင့်အဆက်မပြတ်စေရန်အတွက် ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး လက်ရွေးစင်အသင်းကစားသမားများအပ လက်ရှိအသင်းတွင်ကျန်ရှိသည့် ကစားသမားများနှင့် ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။