ရန်ကုန်ယူနိုက်တက်အသင်း ၏ ၂၀၂၁ ဘောလုံးရာသီ သောက်ရေသန့်မိတ်ဖက်အဖြစ် KTM သောက်ရေသန့်နှင့်သဘောတူစာချုပ်ချုပ်ဆို

ရန်ကုန်ယူနိုက်တက်အသင်း ၏ ၂၀၂၁ ဘောလုံးရာသီ သောက်ရေသန့်မိတ်ဖက်အဖြစ် KTM သောက်ရေသန့်နှင့်သဘောတူစာချုပ်ချုပ်ဆို

ရန်ကုန်ယူနိုက်တက်အသင်း၏ ၂၀၂၁ ဘောလုံးရာသီအတွက် သောက်ရေသန့်မိတ်ဖက်အဖြစ် KTM သောက်ရေသန့်နှင့် သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး အဆိုပါချုပ်ဆိုပွဲအခမ်းအနားကို ယနေ့နံနက်က ရန်ကုန်ယူနိုက်တက်အသင်း ခန်းမတွင်ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်ယူနိုက်တက်အမှုဆောင်အရာရှိချုပ် ဦးရာဇာထွေး၊ KTM သောက်ရေသန့်မှ General Sales Manager ဦးကြည်စိုးအောင် နှင့် နှစ်ဖက်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပထမဦးစွာ ရန်ကုန်ယူနိုက်တက်အသင်း အမှုဆောင်အရာရှိချုပ် ဦးရာဇာထွေး က ယခုကာလတွင် ကူညီပေးမှုအတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း အသင်းဘက်မှလည်း လိုအပ်သည့်များကို လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် စာချုပ်လက်မှတ်ရေးထိုးကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းဖြင့် အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။