ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းနှင့် မြန်မာ (ယူ-၁၃) လက်ရွေးစင်အသင်းတို့ သရေရလဒ်ထွက်ပေါ်

ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းနှင့် မြန်မာ (ယူ-၁၃) လက်ရွေးစင်အသင်းတို့ သရေရလဒ်ထွက်ပေါ်

ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းရဲ့ Myanmar Women League တတိယရာသီအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် ယနေ့မနက်ပိုင်းက မြန်မာ (ယူ-၁၃) လက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ တဖက် (၄) ဂိုးစီဖြင့်သရေရလဒ်ထွက်ပေါ်ခဲ့သည်။

ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းအတွက် ဂိုးများကို အေးအေးထွေး၊ စုစုကြည်၊ နှင်းလင်းလတ်နိုင်နှင့် ဂျူးထက်ဝေတို့မှ သွင်းယူပေးခဲ့ခြင်းဖြစ်ပြီး မြန်မာ(ယူ-၁၃) အသင်းအတွက်ဂိုးများကို ဇင်မင်းမြတ်သူ (၂) ဂိုး၊ ခွန်ဝေဖြိုး နှင့် ခွန်းဇော်ထွန်း တို့မှ အသီးသီးသွင်းယူပေးခဲ့ခြင်းဖြစ်သည်။

ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်းသည်မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ တတိယအကျော့အဖွင့်ပွဲစဉ်အဖြစ် လာမည့် စက်တင်ဘာလ (၇) နေ့တွင် ရှမ်းယူနိုက်တက်အမျိုးသမီးအသင်းနှင့် ပဒုမ္မာကွင်းတွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။