ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းလေ့ကျင့်မှုအစီအစဉ်များစတင်

ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းလေ့ကျင့်မှုအစီအစဉ်များစတင်

၂၀၂၄ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည့် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်း လေ့ကျင့်မှုများကို စတင်ပြုလုပ်ခဲ့သည်။
ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းတွင် အုပ်ချုပ်/နည်းပြ ၇ ဦးနှင့် ပြိုင်ပွဲဝင်ကစားသမား ၂၄ ဦးတို့ဖြင့် ဖွဲ့စည်းထားပြီး နည်းပြချုပ်အဖြစ် ဦးကျော်စိုးဦး က တာဝန်ယူကိုင်တွယ်သွားမည်ဖြစ်သည်။
အဆိုပါကစားသမား ၂၄ ဦးတွင် ယခင်အသင်းတွင်ရှိသည့်ကစားသမားများနှင့် အသစ်ထပ်မံရွေးချယ်ထားသည့် ကစားသမားများပါဝင်လာခဲ့ပြီး ကစားသမားများခြေစွမ်းတိုးတက်စေရန်နှင့် ပြိုင်ပွဲအကြိုပြင်ဆင်မှုများအဖြစ် ခြေစမ်းပွဲစဉ်များကိုလည်း ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။