ရန်ကုန်ယူနိုက်တက်(ယူ-၂၀)အသင်းအား ဒဂုံစတားယူနိုက်တက် (ယူ-၂၀)အသင်းက ၂-၀ ဂိုးနှင့် အနိုင်ရရှိ

ရန်ကုန်ယူနိုက်တက်(ယူ-၂၀)အသင်းအား ဒဂုံစတားယူနိုက်တက် (ယူ-၂၀)အသင်းက ၂-၀ ဂိုးနှင့် အနိုင်ရရှိ

ယနေ့ညနေကယှဉ်ပြိုင်ကစားခဲ့သည့် ဒဂုံစတားယူနိုက်တက်(ယူ-၂၀) အသင်းနှင့် ရန်ကုန်ယူနိုက်တက် (U-20) အသင်းတို့ရဲ့ပွဲစဉ်တွင် ဒဂုံစတားအသင်းက (၂-၀) ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။
ဒဂုံစတားအသင်းက ပထမပိုင်းတွင် ခိုင်မြေ့ကျော် ၏ ပင်နယ်တီသွင်းဂိုးနှင့်အတူ ဦးဆောင်ခဲ့ပြီး ဒုတိယပိုင်း ၈၃ မိနစ်တွင် ဒဂုံစတားအသင်းမှ အောင်ခန့်ကျော် ၏ ၁၈ ကိုက်ထိပ်မှ ကန်သွင်းယူမှုကြောင့် ၂-၀ ရလဒ်နှင့်ဦးဆောင်နေခဲ့သည်။ ရန်ကုန်အသင်းမှ အာကာဖြိုး၏ မိနစ် ၉၀ နောက်ပိုင်း ကန်သွင်းယူရန်ကြိုးစားမှုကို တစ်ဖက်ဒဂုံဂိုးသမားက ကာကွယ်နိုင်ခဲ့သောကြောင့် ပွဲပြီးဆုံးချိန်တွင် ဒဂုံစတားအသင်း က ရန်ကုန်လူငယ်အသင်းကို ၂-၀ ဂိုးနှင့် အနိုင်ရရှိခဲ့သည်။
ရန်ကုန်ယူနိုက်တက် (ယူ-၂၀) အသင်း သည် ပွဲစဉ် ၃ ပွဲကစား၊ ၁ ပွဲနိုင်၊ ၂ ပွဲရှုံး၊ ရမှတ် ၃ မှတ် ရရှိထားပြီးလာမည့် ဇွန်လ ၂၁ ရက်နေ့တွင် မြဝတီ (ယူ-၂၀)နှင့် ပဒုမ္မာကွင်းတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။