ခြေစမ်းပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်း မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းကို ၂-၁ ဂိုးနှင့် အနိုင်ရရှိ

ခြေစမ်းပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်း မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းကို ၂-၁ ဂိုးနှင့် အနိုင်ရရှိ

ရန်ကုန်ယူနိုက်တက်အသင်းနှင့် မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းတို့၏ ခြေစမ်းပွဲကို ယနေ့ညနေက Yangon United Sports Complex တွင်ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်အသင်းက ၂-၁ ဂိုးနှင့်အနိုင်ရရှိခဲ့သည်။
နှစ်ဖက်အသင်းစလုံး ဂိုးရရှိရေးအတွက် အပြိုင်ကစားခဲ့ပြီး အောင်မျိုးခန့် ပွဲချိန် ၃၉ မိနစ်တွင် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပြီး ပထမပိုင်းကို ရန်ကုန်အသင်းက ၁-၀ ဂိုးနှင့် ဦးဆောင်ထားနိုင်ခဲ့သည်။
ဒုတိယပိုင်းတွင် ကစားသမားအနည်းငယ်ပြောင်းလဲခဲ့ပြီး ဒုတိယဦးဆောင်ဂိုးကို ညီညီအောင် က အနီးကပ်ကန်သွင်းယူနိုင်ခဲ့သည်။ မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းအတွက် တစ်လုံးတည်းသောချေပဂိုးကို ထွန်းနိုင်စိုး က သွင်းယူပေးခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းကို ၂-၁ ဂိုးနှင့် အနိုင်ရရှိခဲ့သည်။