ခြေစမ်းပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အကယ်ဒမီအသင်းကို ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းက ၄-၃ ဂိုးနှင့် အနိုင်ရ

ခြေစမ်းပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အကယ်ဒမီအသင်းကို ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းက ၄-၃ ဂိုးနှင့် အနိုင်ရ

ယနေ့ မနက်ပိုင်းတွင် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းနဲ့ ရန်ကုန်ယူနိုက်တက်အကယ်ဒမီအသင်းတို့ ခြေစမ်းပွဲအနေဖြင့် ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်အမျိုးသမီးအသင်းက (၄-၃) ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။

ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းတွင် လက်ရွေးစင်ကစားသမားများပါဝင်လာခဲ့ခြင်းမရှိသလို ရန်ကုန်ယူနိုက်တက်အကယ်ဒမီတွင်လည်း ပြိုင်ပွဲအတွေ့အကြုံရစေရန်လူငယ်အများအပြားနှင့် ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။
မိနစ် ၃၀ သုံးပိုင်းခွဲယှဉ်ပြိုင်ကစားခဲ့ပြီး ပထမပိုင်းတွင် ရန်ကုန်အကယ်ဒမီအသင်းက ဦးဆောင်ဂိုး (၂) ဂိုးရရှိခဲ့ကာ ပွဲချိန် (၁၇)မိနစ် နှင့် (၂၅) မိနစ်တို့တွင် Melvin ကသွင်းယူပေးခဲ့သည်။ ဒုတိယပိုင်းတွင် ရန်ကုန်အမျိုးသမီးအသင်းက (၃)ဂိုးဆက်ရရှိကာ ပွဲစဉ်ကို ပြန်လည်ဦးဆောင်နိုင်ခဲ့ပြီး ပွဲချိန် (၁၅) မိနစ်တွင် မြနှင်းဝေ၊ ပွဲချိန် (၂၅) မိနစ်တွင် နှင်းလင်းလတ်လှိုင် နှင့် ပွဲချိန် (၂၈) မိနစ်တွင် မေသန့်ဇင် တို့မှ သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

ထို့နောက် တတိယပိုင်းတွင် နှစ်သင်းစလုံးက လူငယ်ကစားသမားများကို ထည့်သွင်းခဲ့ပြီး ခြေစွမ်းစမ်းသပ်ကစားခဲ့ရာ ပွဲပြန်စပြီး (၃) မိနစ်တွင် ရန်ကုန်အကယ်ဒမီဘက်မှ ချေပဂိုးရရှိခဲ့ပြီး ဘုန်းမြင့်မြတ်မှ သွင်းယူပေးခဲ့သည်။ ရန်ကုန်အမျိုးသမီးအသင်းတွက် အနိုင်ဂိုးကို ပွဲချိန် (၁၈) မိနစ်တွင် ဒေစီအောင်မှသွင်းယူပေးနိုင်ခဲ့ပါတယ်။

ယခုပွဲစဉ်သည် ရန်ကုန်ယူနိုက်တက်အကယ်ဒမီကျောင်းသားများနှင့် ရန်ကုန်အမျိုးသမီးအသင်း၏ လူငယ်ကစားသမားလေးများအတွက် ပွဲအတွေ့အကြုံများနှင့် ဘောလုံးကျွမ်းကျင်စေမှုများအတွက် အထောက်ကူဖြစ်စေခဲ့ပါသည်။