၂၀၂၄ ခုနှစ်ဘောလုံးရာသီအတွက် မြန်မာနေရှင်နယ်လိဂ် လိဂ်ကော်မတီ အစည်းအဝေး သို့ ရန်ကုန်ယူနိုက်တက်အသင်းတာဝန်ရှိသူများတက်ရောက်

၂၀၂၄ ခုနှစ်ဘောလုံးရာသီအတွက် မြန်မာနေရှင်နယ်လိဂ် လိဂ်ကော်မတီ အစည်းအဝေး သို့ ရန်ကုန်ယူနိုက်တက်အသင်းတာဝန်ရှိသူများတက်ရောက်

မြန်မာနေရှင်နယ်လိဂ်ကော်မတီနာယကနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ၊MNLကလပ်အသင်းပိုင်ရှင်/ဥက္ကဌများပါဝင်သည့် မြန်မာနေရှင်နယ်လိဂ်ကော်မတီ အစည်းအဝေး ကို ယမန်နေ့ နံနက်ပိုင်းက Novotel Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်း အမှုဆောင်အရာရှိချုပ်နှင့် အမျိုးသမီးအသင်းဥက္ကဌ တို့တက်ရောက်ခဲ့ကြသည်။
အဆိုပါအစည်းအဝေးသို့ ရန်ကုန်ယူနိုက်တက်အသင်း အမှုဆောင်အရာရှိချုပ် ဦးစိုင်းခင်မောင်အေး နှင့် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်း ဥက္ကဌ ဒေါ်ကလျာဇော် တို့တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်က မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကိစ္စရပ်များ၊ စည်းမျဥ်းစည်းကမ်းများလိုက်နာနိုင်ရေးနှင့် သတင်းမီဒီယာပိုမိုအသုံးချနိုင်ရေးအတွက်ပြောကြားခဲ့ပြီး မြန်မာနေရှင်နယ်လိဂ်တာဝန်ရှိသူများ၊ ကလပ်အသင်း
ပိုင်ရှင်/ ဥက္ကဌ နှင့် အသင်းတာဝန်ရှိသူများ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများ တိုးတက်လာစေရေးအတွက် ဝင်ရောက်ဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးခြင်းဖြင့် ရုတ်သိမ်းခဲ့သည်။