၂၀၂၃ မြန်မာအမျိုးသမီးလိဂ် ပွဲစဉ် ၃ တွင်  မြဝတီအမျိုးသမီးအသင်းက ၂-၀ ဂိုးဖြင့် ရန်ကုန်အမျိုးသမီး အသင်းကို အနိုင်ရရှိ

၂၀၂၃ မြန်မာအမျိုးသမီးလိဂ် ပွဲစဉ် ၃ တွင် မြဝတီအမျိုးသမီးအသင်းက ၂-၀ ဂိုးဖြင့် ရန်ကုန်အမျိုးသမီး အသင်းကို အနိုင်ရရှိ

ယနေ့ညနေက စလင်းကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် မြဝတီ အမျိုးသမီးအသင်းနှင့် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းတို့၏ ပွဲစဉ်တွင် မြဝတီအမျိုးသမီးအသင်းက ၂-၀ ဂိုးဖြင့် ရန်ကုန်အမျိုးသမီး အသင်းကို အနိုင်ရရှိခဲ့သည်။
ပထမပိုင်းတွင် လက်ရွေးစင်ကစားသမားများ ပါဝင်သည့် မြဝတီအသင်းက စန်းသော်သော် ၏ ၁၀ မိနစ်နှင့် ၄၁ မိနစ် သွင်းဂိုးများဖြင့် ဦးဆောင်နေခဲ့သည်။
ဒုတိယပိုင်းတွင် ရန်ကုန်အမျိုးသမီး အကောင်းဆုံးပုံစံဖြင့် ပြန်လာနိုင်ခဲ့ပြီး ပြိုင်ဘက်အသင်းကို ယှဉ်ကစားကာ ဂိုးပေါက်ခြိမ်းခြောက်မှုများပြုလုပ်နိုင်ခဲ့သည်။ တစ်ဖက်နှင့်တစ်ဖက် ဂိုးရရှိရေးအတွက် ယှဉ်ပြိုင်ကစားခဲ့သော်လည်း ဂိုးထပ်မံသွင်းယူနိုင်ခြင်းမရှိဘဲ ပွဲပြီးဆုံးချိန်တွင် မြဝတီအသင်းက ၂-၀ ဖြင့် ရန်ကုန်ယူနိုက်တက်အမျိုးသမီး အသင်းကိုအနိုင်ရရှိခဲ့သည်။
ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းသည် လာမည့် ဇူလိုင်လ ၂၃ ရက်နေ့ ပဒုမ္မာကွင်းတွင် Sports & Education အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။