ဥက္ကာနိုင် က လာမည့် အား/ကာသိပ္ပံအသင်းနှင့်ပွဲအတွက် အာရုံစူးစိုက်မှုအပြည့်နှင့် အကောင်းဆုံးယှဉ်ပြိုင်သွားမည်ဟုဆို

ဥက္ကာနိုင် က လာမည့် အား/ကာသိပ္ပံအသင်းနှင့်ပွဲအတွက် အာရုံစူးစိုက်မှုအပြည့်နှင့် အကောင်းဆုံးယှဉ်ပြိုင်သွားမည်ဟုဆို

မြန်မာ ယူ-၂၂ လက်ရွေးစင်နှင့် ရန်ကုန်ယူနိုက်တက်အသင်း ဘယ်တောင်ပံကစားသမား ဥက္ကာနိုင် က လာမည့် အား/ကာသိပ္ပံ အသင်းနှင့်ပွဲအတွက် အာရုံစူးစိုက်မှုအပြည့်နှင့် အကောင်းဆုံး ယှဉ်ပြိုင်သွားမည်ဟု ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းနှင့် အားကာသိပ္ပံအသင်းတို့၏ ပွဲစဉ်ကို မနက်ဖြန် ညနေ ၄:၀၀ နာရီ၊ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။
ဥက္ကာနိုင် က “အသင်းတိုင်းကတော့ ပေါ့လို့မရတဲ့အသင်းတွေပါ။ ချန်ပီယံလမ်းကြောင်းပေါ်မှာသွားနေတဲ့အတွက် ဘယ်ပြိုင်ဘက်အသင်းမဆို မပေါ့ဆဘဲ သေချာယှဉ်ပြိုင်ပြီး ရမှတ်ပြည့်အတွက် အကောင်းဆုံး ကစားသွားပါမယ်။ အသင်းကလည်း ပြီးခဲ့တဲ့ပွဲစဉ်တွေထက် ပိုကောင်းအောင် ပြင်ဆင်ထားပါတယ်။ ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက် တွေကို သုံးသပ်ပြီး လာမယ့်ပွဲတွေမှာ ပိုပြီးကောင်းမွန်တဲ့ပုံစံရရှိအောင် ပြင်ဆင်ထားတဲ့အတွက် အကောင်းဆုံးကစားပွဲကိုကြည့်ရှုရမှာပါ။” ဟုဆိုသည်။
ဆက်လက်ပြီး “ရန်ကုန်အသင်းကို အားပေးနေကြတဲ့ပရိသတ်တွေအတွက် ကျွန်တော်တို့အကောင်းဆုံး ကြိုးစားသွားပါမယ်။ ပွဲကိုလာရောက် အားပေးကြဖို့လည်းဖိတ်ခေါ်ချင်ပါတယ်။ ကိုယ်တိုင်မလာရောက်နိုင်တဲ့ ပရိသတ်တွေလည်း လိုင်းပေါ်ကနေကြည့်ရှုအားပေး ကြပါဦးလို့ ပြောချင်ပါတယ်” ဟု ၎င်းက ပရိသတ်များကို ဖိတ်ခေါ်ခဲ့သည်။
ပွဲစဉ် ၁၀ ပွဲကစားပြီးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ၈ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံး၊ ရမှတ် ၂၅ မှတ်နှင့် အဆင့် ၂ နေရာတွင်ရပ်တည်နေပြီး အား/ကာသိပ္ပံအသင်းသည် ၆ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံး၊ ရမှတ် ၂၀ နှင့် အဆင့် ၃ နေရာတွင်ရပ်တည်နေသည်။