အာရုံစူးစိုက်မှုအပြည့်နှင့်ပြင်ဆင်ထားသည်ဟု ဒေးဗစ်ထန်း ပြောကြား

အာရုံစူးစိုက်မှုအပြည့်နှင့်ပြင်ဆင်ထားသည်ဟု ဒေးဗစ်ထန်း ပြောကြား

ဒေးဗစ်ထန်း က လာမည့်ရှမ်းယူနိုက်တက်အသင်းနှင့်ပွဲအတွက် အာရုံစူးစိုက်မှုအပြည့်နှင့်ပြင်ဆင်ထားသည်ဟု ပွဲမတိုင်မီတွင်ထုတ်ဖော် ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းခေါင်းဆောင် ဒေးဗစ်ထန်း က “လာမယ့်ပွဲအတွက် သေချာအချိန်ယူပြီး အကောင်းဆုံးလည်းပြင်ဆင်ထားတယ်။ တစ်ပွဲချင်းစီချဉ်းကပ်ပြီး လေ့လာတယ်။ ဒါ့အပြင် အားနည်းချက်၊ အားသာချက်တွေရှာတယ်၊ တစ်ဖက်အသင်းကိုလည်း လေးလေးစားစား ဘယ်လိုပြန်တုံ့ပြန်နိုင်မလဲ ဆိုတာတွေအတွက်ပါ သေချာပြင်ဆင်ထားပါတယ်။” ဟု တစ်ဖက်အသင်းနှင့်ပတ်သက်ပြီး ပြင်ဆင်ထားမှုများကို ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် မနက်ဖြန် ညနေ ၃း၃၀ နာရီ၊ Yangon United Sports Complex တွင် ရှမ်းယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အဆိုပါပွဲစဉ်ကို Myanmar National League YouTube Channel မှ တိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမည်ဖြစ်သည်။
ယခုတစ်ပတ်ယှဉ်ပြိုင်မည့်ပွဲစဉ်များထဲမှ အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်ပြီး တစ်ဖက်အသင်းနှင့်ပတ်သက်၍ ဒေးဗစ်ထန်း က ယခုလိုသုံးသပ်ပြောကြား ခဲ့သည်။ “သူတို့အသင်းကလည်း တကယ်ကောင်းတဲ့အသင်းပါ။ ဒါပေမယ့် ကျွန်တော်တို့အသင်းကတော့ သူတို့ကို လျော့လည်းမတွက်ဘူး၊ အထင်လည်းမကြီးဘူး၊ အထင်လည်း မသေးဘူး။ ဘောလုံးကိုပဲသေချာအာရုံစိုက်ပြီး အကောင်းဆုံးယှဉ်ပြိုင်သွားမယ်။ တကယ့်ပွဲကောင်းတစ်ပွဲလည်း ဖြစ်လာနိုင်ပါတယ်။”
အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြမည့် ပွဲကောင်းတစ်ပွဲဖြစ်ပြီး အဆိုပါပွဲစဉ်အတွက် “လာရောက်အားပေးကြပါ၊ ပွဲကောင်းတစ်ပွဲကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကွင်းထဲထိလာရောက်ပြီး ဘောလုံးပွဲရသအပြည့်ကို ကြည့်ရှုခံစားနိုင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။” ဟု လာရောက်ကြည့်ရှုနိုင်ကြရန် ပရိသတ်များကို ဖိတ်ခေါ်ခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၉ ပွဲကစား၊ ၈ ပွဲနိုင်၊ ၁ ပွဲရှုံး၊ ရမှတ် ၂၄ မှတ်နှင့် အဆင့် ၂ နေရာတွင်ရပ်တည်နေပြီး ရှမ်းယူနိုက်တက်အသင်းသည် ၁၀ ပွဲကစား၊ ၉ ပွဲနိုင်၊ ၁ ပွဲသရေ၊ ရမှတ် ၂၈ မှတ်နှင့် အဆင့် ၁ နေရာတွင်ရပ်တည်နေသည်။