အနိုင်ရလဒ်အတွက်အကောင်းဆုံးယှဉ်ပြိုင်သွားမည်ဟု ရန်ကျော်ထွေး ဆို

အနိုင်ရလဒ်အတွက်အကောင်းဆုံးယှဉ်ပြိုင်သွားမည်ဟု ရန်ကျော်ထွေး ဆို

ရန်ကုန်ယူနိုက်တင်အသင်းတိုက်စစ်မှုး ရန်ကျော်ထွေးက အနိုင်ရလဒ်အတွက်အကောင်းဆုံးယှဉ်ပြိုင်သွားမည်ဟု လာမည့် PSM Makassar နှင့်ပွဲစဉ်မတိုင်မီတွင်ပြောကြားခဲ့သည်။
ရန်ကျော်ထွေး က “ ဒီလာမယ့်ပွဲအတွက်အကောင်းဆုံးပြင်ဆင်ထားပါတယ်။ ရန်ကုန်မှာကတည်းကသေချာပြင်ဆင်လာခဲ့တာပါ။ ဒီမှာလည်း သေချာအနားယူပြင်ဆင်ထားပြီး အနိုင်ရဖို့အတွက် အကောင်းဆုံးကြိုးစားသွားပါမယ်” ဟုပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် မနက်ဖြန် ဩဂုတ်လ ၂၃ ရက်၊ မြန်မာစံတော်ချိန် ညနေ ၅:၃၀နာရီ၊ အင်ဒိုနီးရှားစံတော်ချိန် ညနေ ၇:၀၀ နာရီအချိန်တွင် Capt: I Wayan Dipta ကွင်းတွင် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
“ တစ်ဖက်အသင်းကလည်း မနှစ်ကလိဂ်ချန်ပီယံအသင်းဖြစ်တဲ့အပြင် နိုင်ငံခြားသားကစားသမားတွေလည်းပါကြတယ် ဆိုပေမယ့် သူတို့ကွင်းမှာကြောက်ရွံ့တာတွေမရှိဘဲ အကောင်းဆုံးတုံ့ပြန်သွားပါမယ်” ဟု ရန်ကျော်ထွေးက ဆိုသည်။
ဆက်လက်ပြီး ၎င်း က “ ကျွန်တော်တို့အကောင်းပုံစံနဲ့ ယှဉ်ပြိုင်ပြီး ပရိသတ်တွေအတွက် ရလဒ်ကောင်းတစ်ခုပေးချင်ပါတယ်” ဟု ပြောကြားခဲ့သည်။