ဟံသာဝတီအသင်းကိုယှဉ်ပြိုင်ရန် အသင့်ရှိနေသည်ဟု ဂီနီတိုက်စစ်မှုး ဆီလာ ပြောကြား

ဟံသာဝတီအသင်းကိုယှဉ်ပြိုင်ရန် အသင့်ရှိနေသည်ဟု ဂီနီတိုက်စစ်မှုး ဆီလာ ပြောကြား

ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်မှုး ဆီလာက ဟံသာဝတီယူနိုက်တက် အသင်းကို ယှဉ်ပြိုင်ကစားရန် အဆင်သင့်ဖြစ်နေသည် ဟု ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည့် ဇွန်လ ၂၇ ရက်နေ့၊ ညနေ ၃း၃၀ နာရီ၊ Yangon United Sports Complex တွင် ဟံသာဝတီယူနိုက်တက် အသင်းနှင့်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ဆီလာက “မနက်ဖြန်ပွဲက သုံးမှတ်ပြည့်ယူဖို့အတွက်အရေးကြီးတဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်။ လိဂ်ပွဲကလည်း နှစ်ပတ်လောက် နားထားတာ ဖြစ်တဲ့အတွက် တစ်ဖက်အသင်းကို ယှဉ်ပြိုင်ဖို့အားအင်အပြည့်ရှိနေပါတယ်။” ဟု ဆိုသည်။
ဆက်လက်ပြီး ဆီလာက “ဟံသာဝတီအသင်းကလည်း အသင်းကောင်း တစ်သင်းဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်အသင်းအပေါ်ကိုပဲအာရုံစိုက်ပြီး အနိုင်သုံးမှတ်အတွက် ယှဉ်ပြိုင်သွားပါမယ်။ ဒါကြောင့် ပရိသတ်တွေလည်း ကွင်းထဲထိလာရောက်အားပေးကြဖို့ဖိတ်ခေါ်ချင်ပါတယ်။” ဟု ပရိသတ်များကို ဖိတ်ခေါ်ခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၈ ပွဲယှဉ်ပြိုင်ကစားပြီးချိန်တွင် ၇ ပွဲနိုင်၊ ၁ ပွဲရှုံး၊ ရမှတ် ၂၁ မှတ်နှင့် အဆင့် ၂ နေရာတွင်ရပ်တည်နေပြီး ဟံသာဝတီ ယူနိုက်တက်အသင်းသည် ၉ ပွဲကစား၊ ၅ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၃ ပွဲရှုံး၊ ရမှတ် ၁၆ မှတ်နှင့် အဆင့် ၄ နေရာတွင်ရပ်တည်လျက်ရှိသည်။