သစ္စာအားမာန် (ယူ-၂၀) အသင်းက ရန်ကုန်ယူနိုက်တက် (ယူ-၂၀) အသင်းအား ၂-၀ နှင့်အနိုင်ရရှိ

သစ္စာအားမာန် (ယူ-၂၀) အသင်းက ရန်ကုန်ယူနိုက်တက် (ယူ-၂၀) အသင်းအား ၂-၀ နှင့်အနိုင်ရရှိ

ယနေ့ မြန်မာနေရှင်နယ်လိဂ် လူငယ်အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်တစ်ပွဲဖြစ်သည့် ရန်ကုန်ယူနိုက်တက် (ယူ-၂၀) အသင်းနှင့်သစ္စာအားမာန် (ယူ-၂၀) အသင်းတို့ ပဒုမ္မာကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ သစ္စာအားမာန်လူငယ်အသင်းက (၂-၀) ဂိုးဖြင့် ရန်ကုန်ယူနိုက်တက်လူငယ်အသင်းကို အနိုင်ရရှိခဲ့ပါသည်။

ပထမပိုင်းပွဲကစားချိန်တွင် နှစ်သင်းစလုံးအကြိတ်နယ်ယှဉ်ပြိုင်ကစားခဲ့ပြီး ရန်ကုန်ယူနိုက်တက်ဘက်မှ ဂိုးကန်သွင်းမှုများစွာရရှိခဲ့သော်လည်း အဆုံးသတ်လိုအပ်ချက်များရှိခဲ့သည်။ ပွဲစဉ်၏ အဖွင့်ဂိုးကို သစ္စာအားမာန်အသင်းဘက်မှ ရရှိခဲ့ပြီး ပွဲချိန် (၃၂) မိနစ်တွင် ဇွန်မိုးအောင် ကသွင်းယူပေးခဲ့ပြီး ပထမပိုင်းကို သစ္စာအားမာန်အသင်းက (၁-၀) ဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့ပါသည်။

ဒုတိယပိုင်းပွဲချိန်များအတွင်း ရန်ကုန်ယူနိုက်တက်ဘက်မှ ချေပဂိုးရရှိရေးကြိုးပမ်းခဲ့သော်လည်း လိုအပ်ချက်တချို့ရှိခဲ့ပြီး ပွဲချိန်(၅၈) မိနစ်တွင် သစ္စာအားမာန်လူငယ်အသင်းမှ ဦးဆောင်ဂိုးထပ်မံရရှိခဲ့ပြီး အသင်းခေါင်းဆောင် အိုကေချစ် မှ အလွတ်တည် ကန်ဘောမှတဆင့်သွင်းယူပေးခဲ့သည်။ဦးဆောင်ဂိုးထပ်မံပေးခဲ့ရအပြီး ရန်ကုန်ယူနိုက်တက်အသင်းဘက်မှလည်း ချေပဂိုးရရှိရေးကြိုးပမ်းခဲ့ရာ ပွဲချိန် (၇၆) မိနစ်တွင် ပင်နယ်တီရရှိခဲ့သည်။ ထိုပင်နယ်တီကို တိုက်စစ်ကစားသမား စိုင်းဇေယျာကျော် ကဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်းမရှိသောကြောင့် ပွဲပြီးဆုံးချိန်တွင် သစ္စာအားမာန် (ယူ-၂၀) အသင်းက (၂-၀) ဂိုးဖြင့်ရန်ကုန်ယူနိုက်တက် (ယူ-၂၀) အသင်းကို အနိုင်ရရှိခဲ့သည်။

ရန်ကုန်ယူနိုက်တက် (ယူ-၂၀) အသင်းသည် လက်ရှိတွင် ပွဲ ၂၀ ကစား၊ ၁၀ပွဲနိုင် ၊ ၃ပွဲသရေ၊ ၇ပွဲရှုံး၊ ရမှတ် ၃၃ မှတ်ရရှိထားပြီး လာမည့် နိုဝင်ဘာ ၁၆ ရက်နေ့တွင် Junior Lions(ယူ-၂၀) အသင်းနှင့် ပဒုမ္မာအားကစားကွင်းတွင် ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

Thitsar Arman (U-20) claimed a 2-0 victory over Yangon United (U-20) today at Padonmar Stadium in the Myanmar National Youth (U-20) League.