သစ္စာအားမာန်အသင်းက ရန်ကုန်အမျိုးသမီးအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိ

သစ္စာအားမာန်အသင်းက ရန်ကုန်အမျိုးသမီးအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိ

ယနေ့ညနေကယှဉ်ပြိုင်ကစားခဲ့သည့် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းနှင့် သစ္စာအားမာန်အမျိုးသမီးအသင်းတို့၏ ပွဲစဉ်ကို စလင်းကွင်းတွင်ယှဉ်ပြိုင်ကစားခဲ့ရာ သစ္စာအားမာန်အသင်းက ရန်ကုန်အမျိုးသမီးအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ပထမပိုင်း ၁၄ မိနစ်တွင် သစ္စာအားမာန်အသင်းအတွက် ခင်စန်းလွင် က ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ၄ မိနစ်အကြာတွင် ဂျုလိုင်ကျော် က ထပ်မံသွင်းယူ‌ခဲ့ပြီး သစ္စာအားမာန်အသင်းက ၂-၀ ဂိုးဖြင့်ဦးဆောင်နေခဲ့သည်။
ရန်ကုန်အသင်းမှ ဇင်မိုးပြည့် ကန်သွင်းခွင့် အခွင့်အရေးများရရှိခဲ့သော်လည်း တစ်ဖက်နောက်တန်း ဟန့်တားနိုင်ခဲ့သဖြင့် ဂိုးရခွင့်နစ်နာခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် သစ္စာအားမာန်အမျိုးသမီးအသင်းက ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းကို ၂-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။
မြန်မာအမျိုးသမီးဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်၍ ယူ-၂၀ ကစားသမားအများစုနှင့် စုဖွဲ့ထားသည့် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းသည် လက်ရွေးစင်‌ဟောင်းနှင့် အတွေ့အကြုံရှိကစားသမား တို့ဖြင့် စုဖွဲ့ထားသည့် သစ္စာအားမာန်အသင်းကို အကောင်းဆုံးပုံစံဖြင့် ယှဉ်ပြိုင်ကစားခဲ့ပြီး လာမည့်ပွဲစဉ်များတွင် အကောင်းဆုံးပြင်ဆင်ကာ ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။