လက်ကျန်ပွဲများတွင် အကောင်းဆုံးရလဒ်ရရှိအောင် ကြိုးစားသွားမည်ဟု သူရိန်စိုး ဆို

လက်ကျန်ပွဲများတွင် အကောင်းဆုံးရလဒ်ရရှိအောင် ကြိုးစားသွားမည်ဟု သူရိန်စိုး ဆို

ရန်ကုန်ယူနိုက်တက်အသင်း နောက်ခံလူ သူရိန်စိုး က လက်ကျန်ပွဲများတွင် အကောင်းဆုံးရလဒ်ရရှိအောင် ကြိုးစားသွားမည်ဟု အား/ကာသိပ္ပံအသင်းနှင့် ပွဲမတိုင်မီတွင်ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် အား/ကာသိပ္ပံအသင်းကို မနက်ဖြန် ဒီဇင်ဘာလ ၁ ရက်နေ့၊ ညနေ ၃း၃၀ နာရီ၊ Yangon United Sports Complex တွင်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
သူရိန်စိုး က “နည်းပြကြီး ထရိန်နင်ကွင်းမှာသင်တဲ့အတိုင်းအကောင်းဆုံးလိုက်လုပ်နေပါတယ်။ လာမယ့် လက်ကျန်ပွဲတွေကိုလည်း အကောင်းဆုံးရလဒ်တွေရရှိအောင် ကြိုးစားကစားသွားမှာပါ” ဟု ဆိုသည်။
ရန်ကုန်ယူနိုက်တက်အသင်းနှင့် အား/ကာသိပ္ပံအသင်းတို့၏ ပထမအကျော့တွေ့ဆုံမှုတွင် ရန်ကုန်အသင်းက အား/ကာအသင်းကို ၄-၀ ဂိုးဖြင့် အနိုင်ရရှိထားခဲ့သည်။
“မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းတွေထဲမှာ အား/ကာသိပ္ပံအသင်းကတော့ ကျွန်တော် ကြိုက်တဲ့အသင်း ထဲမှာပါတယ်။ သူတို့ကစားတာကြိုက်တယ်။ လူငယ်တွေချည်းပဲကစားကြတယ်။ သူတို့ ကစားတာလည်း ကောင်းတယ်လို့ပြောလို့ရတယ်။ ကစားတာလည်းမာတယ်၊ သူတို့ကလည်း ကျွန်တော်တို့အသင်းကို အားကုန်ကစားပြီးယှဉ်ပြိုင်သွားမယ်လို့လည်းထင်ပါတယ်” ဟု တစ်ဖက်အသင်းနှင့်ပတ်သက်၍ သူရိန်စိုး က မှတ်ချက်ပြုပြောကြားခဲ့သည်။
ဆက်လက်ပြီး သူရိန်စိုး က “ပရိသတ်တွေကတော့ ထုံးစံအတိုင်း ကျွန်တော်တို့အသင်းကို လာရောက်အားပေး ကြပါဦးလို့ ဖိတ်ခေါ်ချင်ပါတယ်။ ကျွန်တော်တို့ပိုပြီးကြိုးစားနေကြပါတယ်။” ဟု ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစဉ် ၁၉ ပွဲယှဉ်ပြိုင်ကစားပြီးချိန်တွင် ၁၅ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုူံး၊ ရမှတ် ၄၇ မှတ်နှင့် အဆင့် ၂ နေရာတွင် ဆက်လက်ရပ်တည်နေပြီး အား/ကာသိပ္ပံအသင်းသည် ၇ ပွဲနိုင်၊ ၅ ပွဲသရေ၊ ၇ ပွဲရှုုံး၊ ရမှတ် ၂၆ မှတ်နှင့် အဆင့် ၄ နေရာတွင် ရပ်တည်နေသည်။