ရန်ကုန်ယူနိုက်တက် (ယူ-၂၀) အသင်းနှင့် ဒဂုံပေါ့ (ယူ-၂၀) အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်လူငယ်အသင်းက ၅-၀ ဂိုးနှင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။

ရန်ကုန်ယူနိုက်တက် (ယူ-၂၀) အသင်းနှင့် ဒဂုံပေါ့ (ယူ-၂၀) အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်လူငယ်အသင်းက ၅-၀ ဂိုးနှင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။

ရန်ကုန်ယူနိုက်တက် (ယူ-၂၀) အသင်းနှင့် ဒဂုံပေါ့ (ယူ-၂၀) အသင်းတို့၏ ပွဲစဉ်ကို ယနေ့ညနေ ၃:၃၀ နာရီက ပဒုမ္မာကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်လူငယ်အသင်းက ၅-၀ ဂိုးနှင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။

ပွဲချိန် ၄ မိနစ်တွင် ရန်ကုန်အသင်း ဦးဆောင်ဂိုးစတင် ရရှိခဲ့ပြီး ပြစ်ဒဏ်ဘောမှတဆင့် မောင်တော့ ကသွင်းယူပေးခဲ့သည်။ ရန်ကုန်အသင်းအတွက် ဒုတိယဦးဆောင်ဂိုးကို ပွဲချိန် ၂၄ မိနစ်တွင် စိုင်းဇေယျာကျော်၊ တတိယဦးဆောင်ဂိုးကို ၂၈ မိနစ်တွင် ဇွဲထက်အောင် တို့က သွင်းယူပေးခဲ့ပြီး ပထမပိုင်းကို ၃-၀ ဂိုးနှင့် ဦးဆောင်နေခဲ့သည်။

ဒုတိယပိုင်းတွင် ရန်ကုန်အသင်း စတုတ္ထ ဦးဆောင်ဂိုးရရှိခဲ့ပြီးမောင်တော့ က ပွဲချိန် ၅၅ မိနစ်တွင် သွင်းယူခဲ့သည်။
၈၅ မိနစ်တွင် ဒဂုံပေါ့အသင်း ပင်နယ်တီရရှိခဲ့သော်လည်း ကန်သွင်းရန်ကြိုးစားမှုတိုင်ထိထွက်ခဲ့သည်။ ရန်ကုန်အသင်းအတွက် အဆုံးသတ်အနိုင်ဂိုးကို ခွန်ချိုးထူးကန်တင်ပေးသည့်ဘောလုံးကို အားရွေ က သွင်းယူပေးခဲ့ပြီး ဒဂုံပေါ့ (ယူ-၂၀) အသင်းကို ၅-၀ နှင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ၁၆ ပွဲကစား၊ ၈ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၅ ပွဲရှုံး၊ ရမှတ် ၂၇ မှတ်နှင့် အဆင့် ၄ နေရာသို့ တက်လှမ်းခဲ့ပြီး လာမည့် အောက်တိုဘာ ၁၄ ရက်နေ့၊ ပဒုမ္မာကွင်းတွင် မြဝတီ (ယူ-၂၀) အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။