ရန်ကုန်ယူနိုက်တက်အသင်း၏ ရာသီပိတ်နောက်ဆုံးပွဲစဉ်တွင် အား/ကာသိပ္ပံအသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့်အနိုင်ရရှိ
ယနေ့ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် (၂၂) အဖြစ် ရန်ကုန်ယူနိုက်တက်အသင်းနှင့်အား/ကာသိပ္ပံအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းက (၂-၁)ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည်ယနေ့ပွဲစဉ်တွင် လူစာရင်းအပြောင်းအလဲများပြုလုပ်ကာ ပွဲထွက်လာခဲ့ပြီး
ပွဲချိန်(၉)မိနစ်တွင်ဦးဆောင်ဂိုးရရှိခဲ့ကာ ကြည်လင်း၏ဖန်တီးပေးပို့မှုမှ ကွင်းလယ်လူရန်နိုင်ဦးမှသွင်းယူပေးခဲ့ခြင်းဖြစ်သည်။ဦးဆောင်ဂိုးရရှိပြီးချိန်တွင်ရန်ကုန်ယူနိုက်တက်မှတိုက်စစ်အားမချပဲဆက်လက်တိုက်စစ်ဆင်ခဲ့ရာ အခွင့်အရေးများရရှိခဲ့သော်လည်း အနည်းငယ်လွဲချော်မှုများကြောင့်နစ်နာခဲ့ရသည်။ပွဲချိန် (၄၃)မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်းဒုတိယဦးဆောင်ဂိုးရရှိခဲ့ပြီးသာယာဝင်းထက်၏ကွင်းလယ်မှကန်တင်ပေးပို့သည့်ဘောလုံးကို ရန်နိုင်ဦးမှလှလှပပထပ်မံသွင်းယူခဲ့ခြင်းဖြစ်သည်။
ဒုတိယပိုင်းတွင်ရန်ကုန်ယူနိုက်တက်အသင်းမှ လူစားလဲလှယ်မှုများပြုလုပ်ပြီး တိုက်စစ်မြှင့်ကာယှဉ်ပြိုင်ကစားခဲ့ပြီးဂိုးပေါက်ကန်သွင်းခွင့်များရရှိခဲ့သော်လည်း လွဲချော်မှုများရှိခဲ့သည့်အတွက်ဂိုးများထပ်မံမြင်တွေ့ရခြင်းမရှိခဲ့ဘဲ ပွဲပြီးဆုံးချိန်တွင် (၂-၁)ဂိုးအနိုင်ရလဒ်ဖြင့် ရာသီပိတ်သိမ်းနိုင်ခဲ့သည်။အား/ကာသိပ္ပံအသင်းအတွက်ဂိုးကိုပွဲချိန်၅၆မိနစ်တွင် စော်စေးကဘော်စေးမှသွင်းယူပေးခဲ့ခြင်းဖြစ်သည်။
ပွဲပြီးအင်တာဗျူးတွင်ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ်ဦးကျော်ဒွန်းက ‘’ ကျွန်တော်တာဝန်တဲ့အချိန်ကစပြီး ကျွန်တော့်ကစားသမားတွေအကုန်လုံးကိုပွဲထွက်ကစားသမားအဖြစ်ကစားခဲ့ပြီးပါပြီ။ကစားသမားအားလုံးရဲ့ကြိုးစားအားထုတ်မှုအတွက်လဲကျေးဇူးတင်ပါတယ်။ပရိသတ်တွေအနေနဲ့လည်း နောက်ရာသီမှာကျွန်တော်တို့အသင်းဆက်လက်အားပေးဖို့တောင်းဆိုချင်ပါတယ်။’’ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၄-၂၅ဘောလုံးရာသီပြီးဆုံးချိန်တွင် ၁၅ပွဲနိုင်၊ ၆ပွဲသရေ၊ ၁ပွဲရှုံးဖြင့် ဇယား၏အဆင့်၂နေရာတွင်ရပ်တည်ခဲ့သည်။
#YUFC #Yangon #ThisIsYangon #HomeOfYUFC #DreamBigPlayHard #MNL2024/25 #YUFCvsISPE