ရန်ကုန်ယူနိုက်တက်အသင်းနှင့် နည်းပြချုပ် ဦးကျော်ဒွန်း နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်း

ရန်ကုန်ယူနိုက်တက်အသင်းနှင့် နည်းပြချုပ် ဦးကျော်ဒွန်း နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်း

ရန်ကုန်ယူနိုက်တက်အသင်းနှင့် နည်းပြချုပ်ဦးကျော်ဒွန်းတို့သည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့မှစတင်ကာ နှစ်ဦးသဘောတူစာချုပ် ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။
ဦးကျော်ဒွန်းသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လမှ စတင်ကာ ယာယီ နည်းပြချုပ်အဖြစ် ကိုင်တွယ်ခဲ့ပြီး ၂၀၂၂ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအပြီး အဆင့် ၂ နေရာ၌ရပ်တည်ခဲ့သည်။ ၂၀၂၃ ဘောလုံးရာသီတွင် နည်းပြချုပ် အဖြစ် တိုးမြှင့်ခန့်အပ်ခဲ့ပြီး လက်ရှိ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်-၁၃ အပြီးတွင် အဆင့် ၂ နေရာတွင် ရပ်တည်အောင်စွမ်းဆောင်ပေးခဲ့သူဖြစ်ပါသည်။
ရန်ကုန်ယူနိုက်တက် အသင်းနှင့်အတူလက်တွဲပြီး ကြိုးစားပေးခဲ့မှုများအတွက် အသင်းအနေဖြင့်ကျေးဇူးတင်ရှိပါကြောင်းနှင့် ရှေ့ဆက်မည့် အနာဂတ် တွင်လည်း အောင်မြင်မှုများရရှိနိုင်ပါစေကြောင်း ရန်ကုန်ယူနိုက်တက်အသင်းမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။