ရန်ကုန်ယူနိုက်တက်အမျိုးသမီးဘောလုံးအသင်း လေ့ကျင့်မှုများပြုလုပ်

ရန်ကုန်ယူနိုက်တက်အမျိုးသမီးဘောလုံးအသင်း လေ့ကျင့်မှုများပြုလုပ်

မြန်မာအမျိုးသမီးလိဂ်တွင်ဝင်ရောက်ယှဉ်ပြိုင်သွားမည့် ရန်ကုန်ယူနိုက်တက် အမျိုးသမီးဘောလုံးအသင်း၏ လေ့ကျင့်ခြင်းများကို ယနေ့ညနေပိုင်းက Yangon United Sports Complex တွင်ပြုလုပ်ခဲ့သည်။
မြန်မာအမျိုးသမီးဘောလုံးဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအား ထောက်ပံ့နိုင်ရေး အတွက်ရည်ရွယ်၍ ယခင် YREO အသင်းကိုအခြေပြုပြီး ရန်ကုန်ယူနိုက်တက်အမျိုးသမီးဘောလုံးအဖြစ် ပြောင်းလဲယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အမျိုးသမီးဘောလုံးအသင်း၏ ပထမဦးဆုံးပွဲစဉ်အဖြစ် ဇွန်လ ၁၄ ရက်နေ့တွင် အား/ကာသိပ္ပံအသင်းနှင့် ပဒုမ္မာကွင်းတွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အမျိုးသမီးဘောလုံးအသင်းတွင် –
နည်းပြချုပ် -ဦးကျော်စိုးဦး
လက်ထောက်နည်းပြ- ဒေါ်စန်းယုနိုင်
လက်ထောက်နည်းပြ- ဦးဇင်မင်းဦး
ဂိုးနည်းပြ- ဦးနိုင်ဇေယျာထွန်း
ဂိုးသမား – ဖီးဗေ၊ သက်ထားအောင်
နောက်တန်း – မင်းမင်းနု၊ ခင်ဖုန်း၊ နွယ်မိုး၊ ဖြူဖွေး၊ ရွှန်းလဲ့နိုင်၊ ဒေစီအောင်
အလယ်တန်း – ချမ်းမြေ့ထွန်း၊ ပန်းအိနွယ်၊ နှင်းလင်းလက်လှိုင်၊ သဲအိလှိုင်၊ မြနှင်းဝေ၊ နှင်းဝေနှင်း၊ လဲ့လဲ့လှိုင် (အသင်းခေါင်းဆောင်)
ရှေ့တန်း – ဇာခါရိုစီ၊ စုစုခင်၊ ယုယုနိုင်၊ ဆွေမာအောင်၊ ဇင်မိုးပြည့်၊ စုစုကြည်