ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းနှင့် အား/ကာသိပ္ပံအမျိုးသမီးအသင်းတို့၏ ပွဲစဉ်တွင် အား/ကာသိပ္ပံအမျိုးသမီးအသင်းက ၂-၀ ဂိုးနှင့်အနိုင်ရရှိခဲ့

ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းနှင့် အား/ကာသိပ္ပံအမျိုးသမီးအသင်းတို့၏ ပွဲစဉ်တွင် အား/ကာသိပ္ပံအမျိုးသမီးအသင်းက ၂-၀ ဂိုးနှင့်အနိုင်ရရှိခဲ့

ယနေ့ယှဉ်ပြိုင်ကစားခဲ့သည့် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းနှင့် အား/ကာသိပ္ပံအမျိုးသမီးအသင်းတို့၏ ပွဲစဉ်တွင် အား/ကာသိပ္ပံအမျိုးသမီးအသင်းက ၂-၀ ဂိုးနှင့်အနိုင်ရရှိခဲ့ပြီး ရွှေရည်ထွန်း နှင့် လင်းမြင့်မိုရ် တို့ကသွင်းယူပေးခဲ့သည်။
ပွဲစဉ်တစ်လျှောက် နှစ်ဖက်အသင်းအကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ပြီး ပထမပိုင်းပြီးခါနီးအချိန်တွင် အား/ကာသိပ္ပံအသင်းက ရွှေရည်ထွန်း ၏ သွင်းဂိုးဖြင့် ဦးဆောင်ခဲ့သည်။ ဒုတိယပိုင်းတွင် ရန်ကုန်အမျိုးသမီးအသင်းသည် ချေပဂိုးရရှိရေးအတွက် ကြိုးစားခဲ့သော်လည်း ရန်ကုန်အသင်းကန်သွင်းချက်များကို တစ်ဖက်နောက်တန်း နှင့် ဂိုးသမားဟန့်တားနိုင်ခဲ့သည်။ အား/ကာအသင်းအတွက် ဒုတိယဦးဆောင်ဂိုးကို လင်းမြင့်မိုရ် က ပွဲချိန် ၈၁ မိနစ်တွင်သွင်းယူပေးနိုင်ခဲ့ရာ ပွဲပြီးဆုံးချိန်တွင် အား/ကာသိပ္ပံအမျိုးသမီးအသင်းက ၂-၀ ဂိုးနှင့် အနိုင်ရရှိခဲ့သည်။
ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းသည် ၃ ပွဲကစား၊ ၂ ပွဲနိုင်၊ ၁ ပွဲရှုံး၊ ရမှတ် ၆ မှတ်ရရှိထားပြီး ဒုတိယနေရာတွင်ရပ်တည်နေသည်။ လာမည့် မေလ ၃၀ ရက်နေ့တွင်YREO FCအသင်းနှင့် စလင်းကွင်းတွင် ဆက်လက်ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။