ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းသည်၂၀၂၃ မြန်မာ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဥ် ၇ အဖြစ် သစ္စာအားမာန်အသင်းနှင့် ယနေ့ ပဒုမ္မာကွင်းတွင် ယှဥ်ပြိုင်ကစားခဲ့ရာ လေးဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်

ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းသည်၂၀၂၃ မြန်မာ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဥ် ၇ အဖြစ် သစ္စာအားမာန်အသင်းနှင့် ယနေ့ ပဒုမ္မာကွင်းတွင် ယှဥ်ပြိုင်ကစားခဲ့ရာ လေးဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်

ယနေ့ပွဲစဥ်တွင် ရန်ကုန်ယူနိုက်တက်အသင်းသည် ၄-၄-၂ ကစားကွက်ဖြင့် ပွဲထွက်ခဲ့ပြီး ပြိုင်ဖက်အသင်းကို ယှဥ်ပြိုင်ခဲ့သည်။ ပွဲချိန်ပထမပိုင်းတွင် ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်း ဘောလုံးအပျက်များ နေခဲ့သောကြောင့် ပြိုင်ဖက်အသင်းကို ပွဲချိန် ၂၄ မိနစ်၊ ၂၈ မိနစ်နှင့် ၃၉ မိနစ်များတွင် ဦးဆောင်ဂိုးများ ခွင့်ပြုခဲ့ရသည်။ အဆိုပါသွင်းဂိုးများကို သစ္စာအားမာန်အသင်းမှ ခင်မိုမိုထွန်း နှင့် မြတ်နိုးခင် တို့က သွင်းယူခဲ့ပြီး ပထမပိုင်းပြီးဆုံးချိန်တွင် သစ္စာအားမာန်အသင်းက ၃-၀ ဂိုးဖြင့် ရန်ကုန်ယူနိုက်တက်အမျိုးသမီးအသင်းကို ဦးဆောင်နိုင်ခဲ့သည်။
ပွဲချိန်ဒုတိယပိုင်းတွင် ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်း အပေးအယူအချိတ်အဆက်မိမိဖြင့် တဖက်အသင်းကို တုံ့ပြန်ကစားနိုင်ခဲ့ပြီး ယွန်းဝတီလှိုင်၏ တောင်ပံတိုက်စစ်ထိုးဖောက်မှုများနှင့်အတူ ပွဲချိန် ၅၉ မိနစ်နှင့် ၆၅ မိနစ်များတွင် အခွင့်အရေး ၂ ကြိမ် ရရှိခဲ့သည်။ သို့သော် အဆုံးသတ်အားနည်းမှုကြောင့် ဂိုးမရခဲ့ဘဲ ပွဲချိန် ၈၂ မိနစ်တွင် သစ္စာအားမာန်အသင်းကို နောက်ထပ် ဦးဆောင်ဂိုးတစ်ဂိုး ထပ်မံခွင့်ပြုခဲ့ရသည်။ အဆိုပါသွင်းဂိုးကို သစ္စာအားမာန်အသင်း မှ ဝင်းဝင်း က သွင်းယူခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် သစ္စာအားမာန်အသင်းက ရန်ကုန်ယူနိုက်တက် အမျိးသမီးအသင်းကို လေးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
ရန်ကုန်ယူနိုက်တက် အမျိးသမီးအသင်းသည် ၂၀၂၃ မြန်မာအမျိုးသမီးလိဂ် ပွဲစဥ် ၈ အဖြစ် သြဂုတ် ၁၅ ရက်တွင် မြဝတီအသင်းနှင့် ဆက်လက်ယှဥ်ပြိုင်ရမည်ဖြစ်သည်။