ယနေ့ညနေကယှဉ်ပြိုင်ကစားခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် GFA အသင်းတို့၏ ခြေစမ်းပွဲစဉ်တွင် ရန်ကုန်အသင်းက GFA အသင်းကို ဇော်ရဲထွန်း နှင့် လှိုင်းဘိုဘို တို့၏ သွင်းဂိုးများဖြင့်အနိုင်ရရှိခဲ့သည်။

ယနေ့ညနေကယှဉ်ပြိုင်ကစားခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် GFA အသင်းတို့၏ ခြေစမ်းပွဲစဉ်တွင် ရန်ကုန်အသင်းက GFA အသင်းကို ဇော်ရဲထွန်း နှင့် လှိုင်းဘိုဘို တို့၏ သွင်းဂိုးများဖြင့်အနိုင်ရရှိခဲ့သည်။

ပုံမှန်ပွဲကစားချိန်အတိုင်း ၄၅ မိနစ်နှစ်ပိုင်းယှဉ်ပြိုင်ကစားခဲ့ပြီး ရန်ကုန်အသင်းအတွက် ဦးဆောင်ဂိုးကို ဇော်ရဲထွန်း က ပွဲချိန် ၂၈ မိနစ်တွင် အနီးကပ်ခေါင်းတိုက်သွင်းယူခဲ့ပြီး ဒုတိယဦးဆောင်ဂိုးကို လှိုင်းဘိုဘိုက ပွဲချိန် ၃၄ မိနစ်တို့တွင် သွင်းယူပေးခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များ ရပ်နား ထားချိန်တွင် ခြေစမ်းပွဲများယှဉ်ပြိုင်၍ ပြင်ဆင်မှုများပြုလုပ်လျက်ရှိရာ ပြီးခဲ့သည့် ရခိုင်ယူနိုက်တက်အသင်းနှင့် ခြေစမ်းပွဲစဉ်တွင် ၅-၁ ဂိုးဖြင့်အနိုင်ရရှိထားခဲ့သည်။