ယနေ့ညနေကယှဉ်ပြိုင်ကစားခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ကချင်ယူနိုက်တက်အသင်းတို့၏ ခြေစမ်းပွဲစဉ်တွင် ရန်ကုန်အသင်းက ကချင် အသင်းကို ၄-၂ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်

ယနေ့ညနေကယှဉ်ပြိုင်ကစားခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ကချင်ယူနိုက်တက်အသင်းတို့၏ ခြေစမ်းပွဲစဉ်တွင် ရန်ကုန်အသင်းက ကချင် အသင်းကို ၄-၂ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်

ရန်ကုန်အသင်းအတွက် လမင်းထွေး၊ ဒေးဗစ်ထန်း၊ ဟာဘီလာ နှင့် ထက်လင်းစိုးတို့ကသွင်းယူခဲ့ပြီး ကချင်အသင်း အတွက် နေဦးလွင်နှင့် ဇော်မွန်းအောင် တို့က သွင်းယူပေးခဲ့သည်။
ယနေ့ပွဲစဉ်တွင် အရံဂိုးသမားများဖြစ်ကြသည့် သူရကျော် နှင့် ဟန်နိုင်စိုး တို့ပွဲထွက်ပါဝင်ကစားခဲ့ကြပြီး ပထမပိုင်း ၂၆ မိနစ်တွင် ကချင်အသင်းက နေဦးလွင်၏ သွင်းဂိုးဖြင့်ဦးဆောင်နေခဲ့သော်လည်း လမင်းထွေး ၏ ပွဲပြီးခါနီး ကန်သွင်းချက်ဖြင့် သရေရလဒ်ထွက်ပေါ်နေခဲ့သည်။ ဒုတိယပိုင်းတွင် ဒေးဗစ်ထန်း က ဦးဆောင်ဂိုးသွင်းယူပေး ခဲ့ကာ ပွဲကိုအကြိတ်အနယ်ဆက်လက် ယှဉ်ပြိုင်ကစားခဲ့သည်။ ထို့နောက် ကချင်အသင်း ပင်နယ်တီ ရရှိခဲ့ကာ ဇော်မွန်းအောင် ကသွင်းယူပေးခဲ့ပြီး တစ်ဖက် နှစ်ဂိုးစီဖြင့် သရေရလဒ် ထွက်ပေါ်နေခဲ့သည်။ ရန်ကုန်အသင်းအတွက် အဆုံးသတ်အနိုင်ဂိုးများကို ဟာဘီလာနှင့် ထက်လင်းစိုးတို့ကသွင်းယူပေးခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက ကချင်ယူနိုက်တက်အသင်းကို ၄-၂ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ခြေစမ်းပွဲ သုံးပွဲယှဉ်ပြိုင်ကစားထားခဲ့ပြီး ရခိုင်ယူနိုက်တက်အသင်းကို ၅-၁၊ GFA အသင်းကို ၂-၀၊ ကချင်ယူနိုက်တက် အသင်းကို ၄-၂ ဖြင့် အသီးသီးအနိုင်ရရှိထားသည်။