မြန်မာ့လက်ရွေးစင်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း နောက်ခံလူ ဟိန်းဇေယျာလင်းက လာမည့်ဟံသာဝတီပွဲအတွက် အကောင်းဆုံးကြိုးစားသွားမည်ဟုဆို

မြန်မာ့လက်ရွေးစင်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း နောက်ခံလူ ဟိန်းဇေယျာလင်းက လာမည့်ဟံသာဝတီပွဲအတွက် အကောင်းဆုံးကြိုးစားသွားမည်ဟုဆို

မြန်မာ့လက်ရွေးစင်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း နောက်ခံလူ ဟိန်းဇေယျာလင်းက လာမည့်ဟံသာဝတီပွဲအတွက် အကောင်းဆုံးကြိုးစားသွားမည်ဟု ဆိုခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် နိုဝင်ဘာ ၂၆ ရက်နေ့၊ ညနေ ၄:၀၀ နာရီ၊ သုဝဏ္ဏကွင်းတွင် ဟံသာဝတီယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
ဟိန်းဇေယျာလင်းက “ မြန်မာနေရှင်နယ်လိဂ်ပွဲတွေရပ်နားထားပေမယ့် ပွဲအဆက်ပြတ်သွားတာတော့မရှိပါဘူး။ လက်ရွေးစင်ကစားသမားတွေလည်း ပွဲအဆက်မပြတ်သလို အသင်းကကစားသမားတွေလည်း ခြေစမ်းပွဲတွေကစားထားခဲ့ကြပါတယ်။ ဒါကြောင့် လာမယ့် ဟံသာဝတီပွဲမှာလည်း အကောင်းဆုံးလုပ်ပြနိုင်မယ်လို့လည်းယုံကြည်ပါတယ်။” ဟု ဆိုသည်။
“ တစ်ဖက်အသင်းကလည်း အသင်းကောင်းတစ်သင်းဖြစ်တဲ့အတွက် သေချာလေးအာရုံစိုက်ကစားဖို့ လိုပါတယ်။ ဒါကြောင့် အကောင်းဆုံးပြင်ဆင်ပြီးယှဉ်ပြိုင်မှာဖြစ်တဲ့အတွက် ပရိသတ်တွေလာရောက်အားပေးကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။” ဟု ၎င်း က ပြောကြားခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ၁၈ ပွဲကစား၊ ၁၄ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံး၊ ရမှတ် ၄၄ မှတ်နှင့် အဆင့် ၂ နေရာတွင်ရပ်တည်နေပြီး ဟံသာဝတီ ယူနိုက်တက်အသင်းသည် ၁၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၆ ပွဲရှုံး၊ ရမှတ် ၃၄ မှတ်နှင့် အဆင့် ၃ နေရာတွင်ရပ်တည်နေသည်။