တစ်ဖက်အသင်းကို လေးလေးစားစားနဲ့ ယှဉ်ပြိုင်သွားမည်ဟု ရန်နိုင်ဦး ဆို

တစ်ဖက်အသင်းကို လေးလေးစားစားနဲ့ ယှဉ်ပြိုင်သွားမည်ဟု ရန်နိုင်ဦး ဆို

ရန်ကုန်ယူနိုက်တက်အသင်း ကွင်းလယ်ကစားသမား ရန်နိုင်ဦး က တစ်ဖက်အသင်းကို လေးလေးစားစားနဲ့ ယှဉ်ပြိုင်သွားမည်ဟု ဘရူနိုင်းကလပ် DPMM အသင်းနှင့် ပွဲမတိုင်မီတွင် ပြောကြားခဲ့သည်။
ရန်နိုင်ဦး က “လာမယ့် ဘရူနိုင်းကလပ် DPMM နဲ့ပွဲစဉ်မှာ အနိုင်ရဖို့အတွက် အကောင်းဆုံး ပြင်ဆင်ထား ပါတယ်။ သူတို့အသင်းက လူကောင်းကြီးတဲ့ ကစားသမားတွေပါတယ်။ ဘောလုံးကစားတာလည်း ကောင်းပါတယ်။ တစ်ဖက်အသင်းကိုတော့ လေးလေးစားစားနဲ့ ယှဉ်ပြိုင်သွားပါမယ်” ဟု ဆိုသည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် AFC Cup 2023 (Preliminary stage) ပွဲစဉ်အဖြစ် ဘရူနိုင်းကလပ် DMPP အသင်းနှင့် မနက်ဖြန် ဩဂုတ်လ ၁၆ ရက်နေ့၊ ညနေ ၃:၃၀ နာရီ၊ သုဝဏ္ဏကွင်းတွင် တွေ့ဆုံယှဉ်ပြိုင် သွားမည်ဖြစ်သည်။
“ဒီပွဲကိုတော့ ဗိုလ်လုပွဲတစ်ပွဲကစားသမားလိုမျိုး ယှဉ်ပြိုင်ကစားသွားပါမယ်။ လာရောက် အားပေးကြမယ့် ပရိသတ်တွေအတွက်လည်း ကျွန်တော်တို့အကောင်းဆုံး ကြိုးစားသွားပါမယ်” ဟု ပရိသတ်များကို ဖိတ်ခေါ်ခဲ့သည်။