ဂီနီတိုက်စစ်မှုး ဆီလာနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ နှစ်ဦးသဘောတူ ဖျက်သိမ်း

ဂီနီတိုက်စစ်မှုး ဆီလာနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ နှစ်ဦးသဘောတူ ဖျက်သိမ်း

ရန်ကုန်ယူနိုက်တက်အသင်းသည် ဂီနီတိုက်စစ်မှုး ဆီလာနှင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်နေ့မှစတင်ကာ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။
ဆီလာကို ၂၀၂၃ ဇန်နဝါရီလမှစတင်ကာ တစ်နှစ်စာချုပ်ဖြင့် ချုပ်ဆိုခဲ့ခြင်း ဖြစ်ပြီး ရန်ကုန်ယူနိုက်တက် အသင်းအတွက် သွင်းဂိုး ၁၁ ဂိုးထိသွင်းယူပေး ထားခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ဂိုးသွင်းအများဆုံးကစားသမားတစ်ဦး လည်းဖြစ်သည်။
အင်ဒိုနီးရှားလိဂ်ကလပ် Persikab Bandung အသင်း မှ ကမ်းလှမ်းလာသည့် အတွက် ပိုမိုကောင်းမွန်သော အခွင့်အရေးရှေ့ရေးကိုရှေးရှုကာ စာချုပ် ဖျက်သိမ်းပေးလိုက်ခြင်းဖြစ်ပြီး ဆီလာ၏ ရှေ့ဆက်လျှောက်မည့် အနာဂတ် တွင် အောင်မြင်မှုများရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။