ဂါနာနောက်ခံလူ ဟာဘီလာနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်း

ဂါနာနောက်ခံလူ ဟာဘီလာနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်း

ရန်ကုန်ယူနိုက်တက်အသင်းသည် ဂါနာနောက်ခံလူ မာလီဟာဘီလာနှင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်နေ့မှစတင်ကာ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်း လိုက်ပြီဖြစ်သည်။
ဂါနာနောက်ခံလူ ဟာဘီလာ သည် ရန်ကုန်ယူနိုက်တက်အသင်းသို့ ၂၀၂၃ ဘောလုံးရာသီအတွက် စာချုပ်ချုပ်ဆို ခေါ်ယူခဲ့ပြီး သွင်းဂိုး ၁ ဂိုးသွင်းရရှိထားသည့် ကစားသမားတစ်ဦး ဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အသင်းနှင့်အတူ အားထုတ်ကြိုးစားပေးခဲ့မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ရှေ့ဆက်မည့် အနာဂတ်တွင်လည်း အောင်မြင်မှုများရရှိပါစေကြောင်း ရန်ကုန်ယူနိုက်တက်အသင်းမှ ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။