ခြေစမ်းပွဲစဉ်တွင် Mountain Lions က ရန်ကုန်ယူနိုက်တက်အသင်းကို ၃-၁ ဂိုးနှင့် အနိုင်ရရှိ

ခြေစမ်းပွဲစဉ်တွင် Mountain Lions က ရန်ကုန်ယူနိုက်တက်အသင်းကို ၃-၁ ဂိုးနှင့် အနိုင်ရရှိ

ရန်ကုန်ယူနိုက်တက်အသင်းနှင့် Mountain Lions အသင်းတို့၏ ခြေစမ်းပွဲစဉ်ကို ယနေ့နံနက်ပိုင်းက Yangon United Sports Complex တွင် ယှဉ်ပြိုင်ကစားခဲ့ရာ Mountain Lions က ရန်ကုန်အသင်းကို ၃-၁ ဂိုးနှင့် အနိုင်ရရှိခဲ့သည်။ Mountain Lions အသင်းအတွက် ရဲဝင်းအောင်၊ မျိုးဆက်ပိုင် နှင့် လွှမ်းထက်ထွန်း တို့က သွင်းယူပေးခဲ့ပြီး ရန်ကုန်အသင်း အတွက် တစ်လုံးတည်းသောချေပဂိုးကို လမင်းထွေးကသွင်းယူပေးခဲ့သည်။
ပုံမှန်ပွဲကစားချိန်အတိုင်း ၄၅ မိနစ် ၂ ပိုင်းယှဉ်ပြိုင်ကစားခဲ့ပြီး ပထမပိုင်းတွင် Mountain Lions အသင်းက ရဲဝင်းအောင် နှင့်မျိုးဆက်ပိုင်တို့၏ သွင်းဂိုးဖြင့် ပထမပိုင်းကိုဦးဆောင်နေခဲ့သည်။ ဒုတိယပိုင်း ၅၄ မိနစ်တွင် ရဲလင်းထက် ညာခြမ်းမှ ဂိုးရှေ့တင်ပေးသည့်ဘောလုံးကို လမင်းထွေး က ဂိုးသမား ဘယ်ထောင့်သို့သွင်းယူခဲ့ပြီး ချေပဂိုးရရှိခဲ့သည်။ Mountain Lions အသင်းအတွက် အဆုံးသတ်အနိုင်ဂိုးကို လွှမ်းထက်ထွန်း က ပွဲချိန် ၈၂ မိနစ်တွင်သွင်းယူပေးခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် Mountain Lions အသင်း ရန်ကုန်အသင်းကို ၃-၁ ဂိုးနှင့် အနိုင်ရရှိခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များ ရပ်နား ထားချိန်တွင် ခြေစမ်းပွဲ ၂ ပွဲယှဉ်ပြိုင်ကစားခဲ့ပြီး ၁ ပွဲနိုင်၊ ၁ ပွဲရှုံး ရလဒ်တို့ ရရှိခဲ့သည်။