ခြေစမ်းပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်းက မြဝတီအသင်းကို ၂-၁ ဂိုးဖြင့်အနိုင်ရရှိ

ခြေစမ်းပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်းက မြဝတီအသင်းကို ၂-၁ ဂိုးဖြင့်အနိုင်ရရှိ

ရန်ကုန်ယူနိုက်တက်အသင်း၏ ဒုတိယမြောက်ခြေစမ်းပွဲစဉ်အဖြစ် မြဝတီအသင်းနှင့် ယနေ့ညနေ ၄း၀၀ နာရီကယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန်အသင်းက ၂-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ ရန်ကုန်အသင်းအတွက် ဂိုးများကို ဂျီဒီယွန်တက်တက် နှင့် ဝေလင်းအောင် တို့ကသွင်းယူပေးခဲ့ပြီး မြဝတီအသင်းအတွက် တစ်လုံးတည်းသောချေပဂိုးကို အောင်သူ ကသွင်းယူပေးခဲ့သည်။
ရန်ကုန်အသင်းအတွက် ဦးဆောင်ဂိုးကို ဂျီဒီယွန်တက်တက် က ပွဲချိန် ၂၂ မိနစ်တွင် သွင်းယူပေးခဲ့ပြီးနောက် ၁၀ မိနစ်အကြာတွင် မြဝတီအသင်းက အောင်သူ၏ သွင်းဂိုးဖြင့် ချေပဂိုးရရှိခဲ့သည်။ ထို့နောက် ပထမပိုင်းပွဲပြီးရန် ၅ မိနစ်အလိုတွင် ဝေလင်းအောင် က ဘယ်ခြမ်းမှ ဂိုးသမားဘယ်ထောင့်သို့ အပြင်းကန်သွင်းယူခဲ့ပြီး ဦးဆောင်နိုင်ခဲ့သည်။
ဒုတိယပိုင်းတွင် ကစားသမားအပြောင်းအလဲအချို့လဲလှယ်ခဲ့ပြီး မိနစ် ၃၆ တွင် ရန်ကုန်အသင်းပင်နယ်တီ ရရှိခဲ့ကာ ရန်နိုင်ဦး သွင်းယူခဲ့သော်လည်း ဂိုးသမားကာကွယ်နိုင်ခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက မြဝတီအသင်းကို ၂-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။
ပွဲကြိုပြင်ဆင်မှုများပြုလုပ်နေသည့် ရန်ကုန်ယူနိုက်တက်အသင်းသည် ခြေစမ်းပွဲ ၂ ပွဲယှဉ်ပြိုင်ကစားထားပြီး Dagon Port အသင်းကို ၂-၁ ဂိုး၊ မြဝတီအသင်းကို ၂-၁ ဂိုးတို့နှင့် အသီသီးအနိုင်ရရှိထားသည်။