ခြေစမ်းပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်း က ၅-၂ ဂိုးဖြင့် Junior Lions အသင်းကို အနိုင်ရရှိ

ခြေစမ်းပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်း က ၅-၂ ဂိုးဖြင့် Junior Lions အသင်းကို အနိုင်ရရှိ

ယနေ့နံနက်ပိုင်းက Yangon United Sports Complex တွင် ယှဉ်ပြိုင်ကစားခဲ့သည့် ရန်ကုန်ယူနိုက်တက် အသင်းနှင့် Junior Lions အသင်းတို့၏ ခြေစမ်းပွဲစဉ်တွင် ရန်ကုန်အသင်း က Junior Lions ကို ၅-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းအတွက် ဇင်ကိုထက် ၂ ဂိုး၊ ဟာဘီလာ၊ ရန်လင်းအောင် နှင့် သာယာဝင်းထက် တို့က ၁ ဂိုးစီသွင်းယူပေးခဲ့ပြီး Junior Lions အသင်းအတွက် နိုင်ဝင်းထွန်း၊ ဝင်းကိုဌေး တို့က သွင်းယူပေးခဲ့သည်။
ပထမပိုင်း စပြီး ၁၁ မိနစ်တွင် Junior Lions အသင်းက နိုင်ဝင်းထွန်း ၏သွင်းဂိုးဖြင့် ဦးဆောင်ဂိုးရရှိခဲ့ဖြင့် ပွဲကိုစတင် ဦးဆောင်ခဲ့သည်။ ထို့နောက် ချေပဂိုးရရန် တန်ပြန်တိုက်စစ်ဆင်ကစားခဲ့ကာ ဟာဘီလာ က ၁၅ မိနစ်တွင် ပြန်လည်၍ ချေပဂိုးသွင်းယူပေးခဲ့ပြီး ဇင်ကိုထက် ၏ ၁၇ မိနစ်အချိန်တွင် သွင်းယူခဲ့သည့်ဂိုးဖြင့် ပထမပိုင်းအပြီးတွင် ရန်ကုန်အသင်းက ၂-၁ နှင့် Junior Lions ကို ဦးဆောင်နေခဲ့သည်။
ဒုတိယပိုင်းတွင် ကစားသမားအနည်းငယ်ပြောင်းလဲမှုလုပ်ခဲ့ပြီး တတိယဦးဆောင်ဂိုးကို သာယာဝင်းထက်၊ စတုတ္ထဦးဆောင်ဆောင်ဂိုးကို ရန်လင်းအောင် တို့ကသွင်းယူပေးခဲ့သည်။ ထို့နောက် Junior Lions အသင်းက ဝင်းကိုဌေး ၏ သွင်းဂိုးဖြင့် ဒုတိယချေပဂိုးရရှိခဲ့သည်။ ရန်ကုန်အသင်းအတွက် အဆုံးသတ်အနိုင်ဂိုးကို ဇင်ကိုထက်က ဘယ်ခြမ်းမှ ဂိုးထဲသို့ ကန်သွင်းယူခဲ့ပြီး ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်အသင်းက Junior Lions ကို ၅-၂ ဂိုးနှင့် အနိုင်ရရှိခဲ့သည်။