ကွင်းလယ်ကစားသမား စောအောင်မျိုးထွန်း အားရန်ကုန်ယူနိုက် တက်အသင်းခေါ်ယူ

ကွင်းလယ်ကစားသမား စောအောင်မျိုးထွန်း အားရန်ကုန်ယူနိုက် တက်အသင်းခေါ်ယူ

ရန်ကုန်ယူနိုက်တက်အသင်းရဲ့ ရာသီကြိုပြင်ဆင်ခေါ်ယူမှုအနေနဲ့ ကွင်းလယ်ကစားသမား စောအောင်မျိုးထွန်းကို ခေါ်ယူအားဖြည့်ခဲ့သည်။

စောအောင်မျိုးထွန်းသည် ရန်ကုန်ယူနိုက်တက် (ယူ-၂၁)အသင်းတွင် ခြေစွမ်းပြကစားခဲ့သူဖြစ်ပြီး ယခု ၂၀၂၄/၂၅ ဘောလုံးရာသီပြင်ဆင်မှုအတွက် အားဖြည့်ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ပြည်နယ်နှင့်တိုင်းများတွင်လည်း တောက်လျှောက်ခြေစွမ်းပြကာ ကစားခဲ့သူဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းကိုပြောင်းရွှေ့လာခဲ့ခြင်းအပေါ် “ကျွန်တော် ရန်ကုန်ကိုရောက်လာရတာ အရမ်းပျော်နေမိပါတယ်။ ယုံယုံကြည်ကြည်နဲ့ခေါ်ယူပေးခဲ့တဲ့ ဆရာတွေကိုလည်းကျေးဇူးတင်ပါတယ်။ ကျွန်တော်ဒီအသင်းနဲ့ ဆုဖလားတွေ အရယူချင်ပါတယ်” ဟု စောအောင်မျိုးထွန်းမှ ပြောကြားခဲ့သည်။