ကိုလံဘီယာတိုက်စစ်မှုး ဗလင်စီယာနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်း

ကိုလံဘီယာတိုက်စစ်မှုး ဗလင်စီယာနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်း

ရန်ကုန်ယူနိုက်တက်အသင်းသည် ကိုလံဘီယာတိုက်စစ်မှုး ဗလင်စီယာ နှင့် အောက်တိုဘာလ ၃၁ ရက်နေ့မှစတင်ကာ နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်း လိုက်ပြီဖြစ်သည်။
ဗလင်စီယာသည် ရန်ကုန်ယူနိုက်တက်အသင်းကို ဇူလိုင်လ တွင်ပြောင်းရွေ့ ရောက်ရှိလာခဲ့ပြီး မြန်မာနေရှင်နယ် လိဂ် သွင်းဂိုး ၆ ဂိုးနှင့် AFC Cup သွင်းဂိုး ၁ ဂိုးကိုသွင်းယူပေးနိုင်ခဲ့သည့် တိုက်စစ်မှုူးတစ်ဦးဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အသင်းအတွက် ကြိုးစားအားထုတ်ပေးခဲ့မှုများကို ကျေးဇူးတင်ရှိပါကြောင်းနှင့် ရှေ့ဆက်လျှောက်လှမ်းမည့် အနာဂတ်တွင် လည်းအောင်မြင်မှုများ ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။